|| 4 ||

143K 11.3K 2.5K
                                    

Unicode

ပုံမှန်ဝတ်နေကြ ခပ်နွမ်းနွမ်း ရှပ်အင်္ကျီ အကွက်လက်တို ပိတောက် ခြောက်ရောင်နှင့် ရေလဲပုဆိုးအညိုရောင် တစ်ထည်ကိုသာ သူ ဝတ်ထားဖြစ်သည် ။

ယဉ်နှောင်းလက်ပံ ဆီမှာ အင်္ကျီ နဲ့ ပုဆိုး စုစုပေါင်း ငါးစုံသာ ရှိပြီး ရေလဲ ပုဆိုး က နှစ်ကွင်းရှိသည် ။ အကုန်လုံး က အရောင်မရှိ အဆင်းမရှိ တွေချည်းပဲ ။ ဖေဖေကတော့ သူ့ အကျတွေ ပေးပေမဲ့ ယဉ်ယဉ် နဲ့ကျ ပုဆိုးတွေက ကွင်းကျယ်ပြီး မတော်တာမို့ သူများတွေကိုသာ ပြန်ပေးပစ်လိုက်တာ များတယ် ။

" ယဉ်ယဉ် မင်းအဝတ်စားတွေရော ဘာနဲ့ ထည့်ထားလဲ "

" လက်ဆွဲအိတ် အသေးတစ်လုံးနဲ့ ထည့်ထားတယ်မေမေ ကျွန်တော့် မှာ ဘာပစ္စည်းမှ များများစားစား ထည့်စရာမရှိဘူးရယ် "

" ဟုတ်ပြီ ယဉ်ယဉ် သားချီကိုလည်း ရိုရိုသေသေ ဆက်ဆံရမယ်နော် သူက မင်းအပေါ်အမြင်ကြည်လေ မင်းမမကြီး အတွက် ပိုကောင်းလေပဲ "

" ဟုတ်ကဲ့ မေမေ ကျွန်တော် အဆင်ပြေအောင် ကြိုးစားနေကြည့်ပါ့မယ် "

ယဉ်ယဉ် စကားကို မမကြီး နဲ့ မေမေက ကျေနပ်သွားသည် ထင်ပါရဲ့ ။

Luggage မဟုတ်ပဲ လက်ဆွဲအိတ် အသေးစားပုံစံမျိုးဖြစ်သည့် အိတ်နှစ် လုံးကို ယဉ်နှောင်းလက်ပံ ဘယ်ဘက်လက်က တစ်ဖက် ညာဘက်လက်က တစ်ဖက် ဆွဲထားတာ တစ်နာရီ ကျော်မျှပင် ရှိပြီဖြစ်သောကြောင့် လက်တွေ တောင့်လာရသည် ။

ကြီးမြတ်ပိုင်ချီ 8 နာရီ လာခေါ်မယ် ပြောထားပြီး ကိုးနာရီခွဲတဲ့အထိ ရောက်မလာသေး ။ ဒါ တမင်သက်သက် သူ့ကို ပညာပြနေတယ်လို့ ယဉ်ယဉ် တွေးမိလိုက်တယ် ။

အိတ်နှစ်လုံးကို ချထားလို့ ရပေမယ့် မမကြီးရဲ့ Cosmetics များနဲ့ တစ် ကိုယ်ရေသုံးပစ္စည်းများ ထည့်ထားတာ ဖြစ်၍ လက်လွတ်စပယ် အောက်မ ချရဲ ။

" မမကြီး လိုအပ်တာတွေ အကုန်လုပ်ပေးနော် ယဉ်ယဉ် ကြားလား မင်း မမကြီးက ဆေးရုံကို သွားရတာ တစ်မျိုး သားချီကို ဂရုစိုက်ဖို့ အတွက် လုပ် ရတာက တစ်မျိုး ဆိုရင် အချိန်က လောက်မှာ မဟုတ်ဘူး "

My Impressive HusbandWhere stories live. Discover now