|| 7 ||

141K 10.8K 2.7K
                                    

Unicode

ညက ကြီးမြတ်ပိုင်ချီ အသေးစားလေးက တော်တော်
နှင့် အလျှော့မပေးသောကြောင့်  မိနစ်သုံးဆယ် နီးပါးလောက် ချီ handworker လုပ်လိုက်ရသည် ။

လက်ကလည်း ချီ အလုပ် လုပ်ရသလို  ပါးစပ်ကလည်း တစ်ယောက်သောသူရဲ့ နာမည်ကို အဆက်မပြတ် ခေါ်နေရတာ ချီ
ကိုယ့်ကိုကိုယ် အသိဆုံးပင် ။

အိပ်ရေးလည်း မဝသဖြင့် ကြီးမြတ်ပိုင်ချီ တို့ စိတ်က ကြည်မနေ ။

" ချီ နိုးပြီလား လာ စံပယ် မနက်စာပြင်ပေးထားတယ် "

စံပယ်က ဘေးက ခုံကို ချီ ထိုင်ဖို့အတွက် ထုတ်ပေးလိုက်သော်လည်း ချီက ကြီးကြီး ဘေးနား၌ သာ ဝင်ထိုင်သောကြောင့် စံပယ်မျက်နှာလေး မသာမယာ ဖြစ်သွားရသည် ။

" သားချီ အိပ်ရေးမဝဘူးလား "

" ဟုတ်တယ်  ကြီးကြီးမြိုင် ကျုပ်ညက နည်းနည်း နောက်ကျသွားတယ် "

ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည့် တိုင်အောင် ချီ တစ်ခုခုကို အလိုမကျဖြစ်နေတုန်း ။

" စားကြည့် သားချီ စံပယ်လုပ်ပေးထားတာ သားချီကြိုက်တဲ့ ကြက်ဥဟက်ဘွိုင်လေးနဲ့ ထမင်းအဖြူသည်ကြော်လေး ကြီးကြီးအတွက်လည်း ကြော်ပေးထားတာ စံပယ်လေးက သားချီ စားစေချင်လို့တဲ့ အစောကြီး ထပြီး လုပ်ပေးတာ ဘယ်လောက် လိမ္မာလဲ   "

" မဟုတ်တာ ကြီးကြီးကလည်း စံပယ်က ကြီးကြီး နဲ့ ချီ့ကို စားစေချင်လို့ ပါ အမှတ်ယူတာ မဟုတ်ရပါဘူး  "

" အင်း "

အင်း တစ်လုံးသာ ပြောပြီး  ထမင်း ကြော်ကို စိတ်မပါလက်မပါ ချီ စားနေတုန်း ခြေထောက်ကို တစ်ခုခုက လာထိနေမှန်း သိလိုက်တာမို့ ငုံ့ကြည့်လိုက်တော့ မစံပယ်မြတ်ဟန် ရဲ့ ခြေထောက်နှစ်ဖက် ။

ချီက Pajamas ဝတ်ထားတာ မဟုတ်ဘဲ vest  အဖြူနဲ့ ဘောင်းဘီ တိုသာ ဝတ်အိပ်တာမို့ မစံပယ်မြတ်ဟန် က အတင့်ရဲစွာ ချီ့ ခြေထောက်တွေက နေတစ်ဆင့် ပေါင်ထိပါ တက်ပြီး ခြေထောက်နဲ့ ကလိလာသည် ။

" မစံပယ်မြတ်ဟန် ကျုပ် မနက်စာ အေးဆေးစားချင်တယ်  "

သူ့နာမည် ကို ခေါ်ကာ ဒေါသတကြီး ပြောလာသည်မို့ စံပယ် ခြေထောက်တွေ ပြန်ရုတ်လိုက်ရသည် ။

My Impressive HusbandWhere stories live. Discover now