|| 2 ||

177K 13K 5.2K
                                    

Unicode

ကြီးကြီး စကားကြောင့် သူ ဒီအထိလိုက်လာရပေမယ့်လည်း မျက်နှာ ကတော့ မသာမယာ ဖြစ်လျှက် ရှိသည် ။

အရေးထဲ ကြီးကြီး က တိုက်ပုံနဲ့ ပုဆိုး ဝတ်ခိုင်းနေ၍ မဝတ်နိုင်ဘူးဟု အပြတ်ငြင်းရသေးတယ် ။

" သားချီရယ် မင်းဝတ်ထားတဲ့ ပုံကိုလည်း ကြည့်ပါဦး ကြင်ယာဖက်သွား တွေ့မှာ ဒီလိုပုံနဲ့ မဖြစ်ဘူးလေ သားချီ "

" ကျုပ် ကိုယ်လုံးတီးနဲ့ လိုက်ရမလား အခုဝတ်ထားတဲ့ အဝတ်အစားနဲ့ပဲ လိုက်ရမလား ကြီးကြီး ကြိုက်တာရွေး "

ကြီးကြီး မြိုင်လည်း ဘာမှကို မပြောချင်တော့ တူဖြစ်သူခေါင်းကိုသာ ဖွဖွ လေး ခေါက်ပစ်လိုက်တယ် ။

" သဘောပါ သားချီရေ သားချီသဘောပါရှင် "

ကြီးကြီးက ဆိုင်ကယ်မစီးရဲတာမို့ သူ့အတွက် ဟိုတစ်နေ့ကမှ မာမီတို့ပို့ ပေးလိုက်သော နောက်ဆုံးထွက်သည့် Lamborghini အနီရဲလေးကိုသာ ထုတ်ထားလိုက်သည် ။

" ကြီးကြီး မကြောက်ပါနဲ့ ကျုပ်က ဖြေးဖြေးမောင်းမှာပါ မသိရင် ကျုပ် မောင်းနေတာ ကားအောက်ရောက်တော့မယ် အတိုင်းပဲ "

တစ်လမ်းလုံး လည်း အရည်အရအဖတ်မရ တွေပြောလာလိုက်တာ ကြီး ကြီးမြိုင် နားပါပိတ်ထားရတဲ့အထိ ။

" ဟိုနားမှာ ရပ်တော့ ရပြီ သားချီ လူကြီးတွေရှေ့ရောက်ရင် စကားကို ရို ရိုသေသေ ပြောနော် ကြားလား သားချီ"

" မသိဘူး ကြီးကြီး ကျုပ်ပြောတတ်သလို ပြောမှာ '

ကားကို အဆင်ပြေပြီး အရိပ်ရတဲ့ နေရာခဏရပ်ထားကာ ကြီးကြီးနောက် သူလိုက်သွားလိုက်တယ် ။

ခြံလေးက ပေ‌လေးဆယ် ခြောက်ဆယ် လောက်ကိုမှ အတွင်းမှာ နှစ်ထပ်တိုက်အိမ်ပုလေး ကို သပ်သပ်ရပ်ရပ် လေး ဆောက်ထားသောကြောင့် သူ တစ်မှတ်ပေး မိသည် ။

" ဟော စံပယ်ရေ မမမြိုင်တို့လာကြပြီ အအေးလေးယူပြီး ထွက်လာပါ ဦး အမောပြေသောက်ရအောင် ဟယ် မမမြိုင် သားချီက ဘယ်လိုဖြစ်လာ တာလဲ "

အမောကတော့ အန်တီကို မြင်တည်းက ဆို့နေပြီဖြစ်ကြောင်းကိုတော့ သူမပြောမိ ။ထမိန်နဲ့ အင်္ကျီ မဝတ်တာ အသာထား ဂါဝန်အတိုကြီး ဝတ် ထားထဲက ဒီမိန်းမကြီးကို ချီ မျက်လုံးထဲ Cross ဖြစ်နေတာ ။

My Impressive HusbandWhere stories live. Discover now