|| 16 ||

130K 9.9K 1.9K
                                    

Unicode

" ဟာ ခင်ဗျားရာ "

ရှိုက်ငိုနေသော သူကို ကြီးမြတ်ပိုင်ချီ ဘယ်လိုချော့ရမယ်မှန်းမသိ။

တစ်သက်နဲ့တစ်ကိုယ် ပွင့်ပွင့်လင်းလင်းနဲ့ ကြမ်းကြမ်းတမ်းတမ်းပဲ နေခဲ့ဖူးတာမို့ အနုအယွစကားတွေလည်းပြောပြီးမချော့တတ်။

" ကြီးကြီးက စကားပြန်ပြောနိုင်မှာပါ စိတ်မကောင်း မဖြစ်နဲ့ ယဥ်နှောင်းလက်ပံ "

သောက်လက်စ Cigarette ကို ခြေထောက်နဲ့တက်နင်းပြီး အနား​ရောက်လာသော ချီ့
ကြောင့် သူကြောင်တောင်တောင်လေး ကြည့်နေမိသည်။

" မျက်ရည်မကျနဲ့ ကွာ မောင်မကြိုက်ဘူး "

ကြီးမြတ်ပိုင်ချီ မျက်ရည်တွေစီးကြနေတဲ့
ယဥ်ယဥ့် ပါးပြင်လေးကို လက်မနဲ့ အသာသုတ်ပေးတော့ မို့အစ်နေသောမျက်နှာလေးနဲ့မော့ကြည့်လာသောသူ။

" ငါတို့ မပက်သတ်ဘဲ နေကြရအောင် ကြီးမြတ်ပိုင်ချီ "

သူပြောလိုက်တော့ မျက်ခုံး​တွေတွန့်ချိုးသွားသော ကြီးမြတ်ပိုင်ချီ ။

" အဲ့ဒါ ဘာစောက်စကားလဲ ဟမ် ယဥ်နှောင်းလက်ပံ မေးနေတယ်လေ ခင်ဗျားဘာစောက်စကားပြောတာလဲလို့ "

ဒေါသထွက်လာတာမို့ ယဥ်ယဥ့် မျက်နှာ ကို ချီ အားနဲ့ ဆွဲညှစ်လိုက်တယ် ။

" လွှတ် ကြီးမြတ်ပိုင်ချီ ငါတို့ မပက်သတ်ဘဲနေကြမယ်လို့ပြောတာ ။ ကြီးကြီးမြိုင် သက်သာတာနဲ့ ငါထွက်သွားတော့မှာ "

" သွားရဲသွားကြည့်လေ ခင်ဗျား ခြေထောက်နှစ်ဖက်လုံး ကျုပ် ရိုက်ချိုးပြမယ် "

စူးစူးရဲရဲ စိုက်ကြည့်နေတဲ့ ကြီးမြတ်ပိုင်ချီ ကြောင့် ယဥ်နှောင်းလက်ပံ မျက်နှာလွှဲမိသည်။

" ကျုပ်မိဘတွေနဲ့ ခင်ဗျားကို မိတ်ဆက်ပေးမယ် လိုက်ခဲ့ "

လက်ကို လာဆွဲသူကြောင့် ယဥ်နှောင်းလက်ပံ အားနှင့်ဆောင့်ရုန်းလိုက်တော့ ​ချီက နံရံနဲ့ ကျောနဲ့ဆောင့်သွားသည်။

" ခင်ဗျား "

" ဘာလဲ "

" ယဥ်နှောင်းလက်ပံ "

My Impressive HusbandWhere stories live. Discover now