|| 37 ||

113K 9.1K 1K
                                    

Unicode

" ပါပါး "

" အင်း "

" ဖွားဖွားရီးက နိုးသေးဝူးယား ဟင် တားအိမ်ကျန်ချင်​ရေပြီ "

" မနိုးသေးဘူး Leo ဘာလို့အိမ်ပြန်ချင်နေတာလဲ "

" အိမ်ညာ လုံးဘေယီ တစ်ချောက်ယဲယေ တားရေပတ်ရိုက်ပေးယယ်ရို့ ကျောထားယယ် "

" ခဏနေဦးနော် Leo ပါပါး ပြီးရင် ပြန်လိုက်ပို့ပေးမယ် တိတ်တိတ်လေးနေပေး ပါပါးခေါင်းတွေမူးနေလို့ "

ယဥ်နှောင်းလက်ပံ တစ်ကယ်ကိုခေါင်းတွေမူးနေပြီ။

အရင်ကဆေးရုံအနံ့ဆိုခံနိုင်ပေမယ့် မရောက်တာကြာလို့လားတော့မသိအနံ့ကပြင်းလွန်းလှသည်။

" နေကောင်းဝူးယား ပါပါး "

" အင်း Leo မင်း Daddy သွားခေါ်ပေး ပါပါးခေါင်းတွေအရမ်းမူးလာပြီ"

" ခယချောင့် ပါပါး တားတွားခေါ်ရိုက်ယယ်"

အမြင်အာရုံတွေဝေဝါးလာကာဘာကိုမှသဲသဲကွဲကွဲမမြင်ရတော့။

သူ့ရှေ့ကနေ ပြေးထွက်သွားတဲ့ သားရဲ့ပုံရိပ်ယောင်လေးကိုသာ လျှပ်တစ်ပြတ်တွေ့လိုက်ရပြီးနောက်သူ့ကမ္ဘာကြီးအမှောင်ကျသွားခဲ့ပြီ။

" Daddy ပါပါး မူးနေယယ် "

" ဘာပြောတာလဲ သား Daddy ကို နားလည်အောင်ပြော "

ကြီးမြတ်ပိုင်ချီက ဆေးရုံအပြင်ဘက်က သစ်ပင်ရိပ်မှာဆေးလိပ်ထိုင်သောက်နေတာဖြစ်၍သားအနားလာရပ်၍ဆေးလိပ်ကိုမီးအမြန်သတ်လိုက်ရသည်။

" မူးယယ်ရို့ ပါပါးကျောယယ် ခေါင်းခေါင်းမူးရေယာ Daddy "

သူ့ခေါင်းသူပုတ်ပြကာ ချီ့လက်ကို အတင်းလာဆွဲနေတာမို့ ဆေးရုံထဲ အပြေးပြန်လာရပြန်တယ်။

" ယဥ်ယဥ် "

" ပါပါး "

ခုံပေါ်မှာ လဲကျနေသော ယဥ့်ကိုပွေ့ကာချီ ဦးဝေအခန်းထဲဝင်လာလိုက်သည်။

" ဦးဝေ ကျွန်​တော့်​ယောကျ်ား မေ့လဲသွားလို့ လုပ်ပါဦး "

" ပါပါး ဘာကျစ်ယာယဲ မအိပ်ရဲ့ယေ Daddy ဘာကျစ်ယာယဲ ပါပါးက "

My Impressive HusbandWhere stories live. Discover now