|| 25 ||

143K 11.1K 3K
                                    

Unicode

Toilet ထဲရောက်တော့ ချီ လက်ထဲက ကလေး​လေးကို  ကြွေခွက်​ဘောင်ပေါ်တင်ပေးလိုက်သည်။

" ဇစ် ညှပ်သွားသေးတယ်ဆိုတော့ ဦး
​ကြည့်ကြည့်မယ်နော် သားသား "

ကလေးလေးက ခေါင်းညိတ်ပြသဖြင့် ချီ ဝတ်ထားတဲ့ ဘောင်းဘီလေးကို ဇစ်ဖြုတ်ပေးလိုက်တော့ ကျောက်သားအဖြူချောင်းသေးသေး​လေးရဲ့ ထိပ်မှာ နီရဲနေလေသည်။

" နာနေတာလား သားသား "

" အယမ်းနာရယ် Daddy အီးးးးးး "

သူ့ကို Daddy ခေါ်သည့် ကလေးလေးအား ကြီးမြတ်ပိုင်ချီ သေချာကြည့်မိသည်။

ပါးကြီးတွေ က ဖောင်းနေပြီး ပါးချိုင့်လေးနှစ်ဖက်လည်း ပါသေးသည်။

အညိုရောင်ဆံပင်ကောက်ကောက်လေးတွေကလည်း သဘာဝအတိုင်း ဖြစ်ရမည်။

သေချာကြည့်မှ ဒီကလေးလေးက ချီ ငယ်ငယ်တုန်းကနဲ့ တစ်ပုံစံတည်းပါပဲလား။

" ဘယ်သူနဲ့ လာတာလဲ သားသားက "

" ချေးယိမ်းပေး Daddy "

စကားက မပီသဖြင့် ချီ့ခင်မျာ အတော်အားစိုက်နားထောင်နေရတယ်။

" ဟာ ချေးယိမ်းပေးပါချို Daddy နာနေရယ်ယို့ အီးးးးး "

တအီအီးနဲ့ ငိုနေပေမယ့် မျက်ရည်ကထွက်မလာသောကြောင့် အလည်လေးကို ချီ အသည်းတယားယားဖြင့် ဆွဲဖက်မိသည်။

" ဒီကို ဘယ်သူနဲ့ လာတာလဲ သားသားက ဦးကိုပြော "

ဘေစင်ပေါ်မှာ ချိတ်ထားတဲ့ ဆေးခြင်းထဲက အစိမ်းရောင်ဂျယ်ဘူးလေးကို ယူကာ နီရဲနေတဲ့ ရွှေဂျိူးဖြူလေးကို ချီ လိမ်းပေးလိုက်တော့   နာတာသက်သွားသည်ထင်ပါရဲ့ မျက်နှာလေးက ပြန်ကြည်လင်လာသည်။

" ပြောပါဦး ဒီကိုဘယ်သူနဲ့လာတာလဲ ဆိုတာ "

" ပါပါးရဲ့ လာယာ ပါပါးက ကိုယ်ချာယယ်ယေ Daddy "

" အာ ကိုယ်စားလှယ် ဆိုတာ ယဥ်နှောင်းလက်ပံမလား မာမီရော ပါမလာဘူးလား "

ခင်ဗျားက အိမ်ထောင်ရှိတာလား ယဥ်နှောင်းလက်ပံ ။

မေးသာမေးလိုက်ရသော်လည်း စိတ်ထဲမကောင်းဖြစ်သွားသည်ကို ကြီးမြတ်ပိုင်ချီ
ကိုယ့်ကိုကိုယ် အသိဆုံးပင်။

My Impressive HusbandWhere stories live. Discover now