|| 41 ||

103K 8.5K 287
                                    

Unicode

ဒီနေ့က အရာအားလုံးကို အဆုံးသတ်ပစ်ရ
မယ့် နေ့ပဲ။

" နေဦး Leo "

သူ့အသံကြောင့် Leo က ကုတင်အနားကို ပြန်လျှောက်လာသည်။

" ကျောယေ ဖွားဖွားဂျီး နာနေယို့ယား "

" မနာပါဘူး ဖွားဖွားကြီး တို့ ဒီနေ့ လျှောက်လည်ကြမလား Leo "

စဥ်းစားသလိုလေး တွေးနေဟန် ရှိသည့် ကလေးကြောင့် ပန်းမြတ်ဒေဝီ နှုတ်ခမ်းဖျားတွန့်ကွေးစပြုလာတယ်။

" ဖွားဖွားဂျီးက နေကျောင်းတေးဝူးယေ ရှောက်ယယ်ရို့ ရပါ့မယား "

" ရပါတယ် Leo ရဲ့ ဖွားဖွားကြီး တို့ လျှောက်လည်ကြမယ်နော် လိုက်မှာမလား "

" ယိုက်မှာယိုက်မှာ ဖွားဖွားဂျီး အရင်ချုံး ဆန်ဂျုတ်ကိုရော့ ကုန်ယောင်​တောက်ယိုက်နော် ဖွားဖွားဂျီး "

" ဟုတ်ပါပြီ Leo ရယ် ဖွားဖွား ဆန်ပြုတ်သောက်လိုက်မယ် မြေးက ဒီမှာပဲ စောင့်နေမလား "

" ပါပါးကို ခွင့်ကျောင်းယိုက်ဦးမယ် ဖွားဖွားဂျီးရဲ့ ရှောက်ယယ်ဖို့ "

" ဟင့်အင်း Leo မတောင်းနဲ့တော့လေ မင်းပါပါးက လွှတ်မှာ မဟုတ်ဘူး "

" ချိတ်မပူရဲ့ ဖွားဖွားဂျီး ပါပါးကို တားကျောမယ်"

သူ့လက်ကလေးကို ဆုပ်ကိုင်ကာ ပြောလာတာကြောင့် ပန်းမြတ်ဒေဝီ ခေါင်းငြိမ့်ပြလိုက်သည်။

" ဖွားဖွားကြီး  စောင့်နေမယ်နော် Leo "

" ချောင့် ချောင့် အညန်ကျန်ယာခဲ့မယ် "

အခန်းထဲကနေ Leo ထွက်သွားကာမှ အပြင်ဘက်မှာ ရပ်စောင့်နေတဲ့ ပြည့်စုံကိုဝင်လာဖို့အချက်ပြလိုက်တယ်။

" ငါမှာတာတွေ အကုန်ပါရဲ့လား ပြည့်စုံ "

" ဟုတ်ကဲ့ ပါပါတယ် သခင်မကြီး "

လက်ထဲက File နဲ့ ခရီးဆောင် အိတ်အ​သေးကို စားပွဲပေါ်တင်ကာ ပြည့်စုံ သခင်မကြီးဘေးနားမှာရပ်လိုက်သည်။

" ငါ့ကို ဘယ်သူမှ နားမလည်​ကြဘူး ပြည့်စုံ "

" ကျွန်တော် နားလည်ပါတယ် သခင်မကြီး "

My Impressive HusbandWhere stories live. Discover now