|| 9 ||

152K 10.3K 2.5K
                                    

Unicode

စံပယ်မြတ်ဟန် ဒေါသတွေ ကို မတရားလျှော့ချနေရတယ် ။ မနက်တည်းက ချီ ပြာယာခတ်နေတဲ့ပုံကို မြင်ပြီး စိတ်တိုင်းမကျ ဖြစ်နေတာ ။

" ပြောစမ်း ယဥ်ယဥ် နင်တို့ ဘယ်သွားတာလဲ ပြောလေ "

နားရွက်ဖျားကို အားနဲ့ အသားကုန် လိမ်ဆွဲပစ်လိုက်တော့ ယဥ်ယဥ် က ငိုမဲ့မဲ့ ရုပ်ဖြစ်လာသည် ။

" ဘယ် မှ မသွားဘူး မမကြီး ကျွန်တော့် ကို လာရှာပြီးတာနဲ့ ဒီကို တန်းပြန်လာတာ ပါ "

Pajamas ပါဆယ်ထုပ်ကို သူ လွှင့်ပစ်ခဲ့လို့ တော်သေးတယ် ။

" လမ်းမှာ နင်တို့ ဘာတွေပြောကြသေးလဲ
ယဥ်နှောင်းလက်ပံ ချီကရော ငါ့အကြောင်း မေးလား ဖြေစမ်း "

" နာတယ် မမကြီး လွှတ်ပေးပါဦးနော် ကျွန်တော် နာ
တယ်ဗျာ့ "

" ဖြေလေ ဖြေမှ လွှတ်ပေးမယ် မဟုတ်လို့ကတော့ နင့်နားရွက်တစ်ဖက်လုံး ပြတ်ထွက်သွားအောင် ငါလိမ်ဆွဲပြမယ် ။ ကြီးမြတ်ပိုင်ချီ က ငါ့လူနော် နင်နည်းနည်းလေးတောင် ထိဖို့မကြိုးစားနဲ့ ကြားလား ယဥ်နှောင်းလက်ပံ "

" ဟုတ်ကဲ့ မမကြီး ကြီးမြတ်ပိုင်ချီ က မမကြီး အပိုင်ပါ ကျွန်တော် သူ့ကို စိတ်မဝင်စားပါဘူး "

ယဥ်နှောင်းလက်ပံ အခုမှပင် သက်သာရာ ရတော့တယ် ။ မှန်ထဲ ကနေ လှမ်းမြင်နေရတဲ့ နားရွက်ဖျားလေးတွေက နီရဲပြီး မမကြီးလက်သည်းများနဲ့ ထိခိုက်မိ၍ သွေးစလေးတွေပါ ထွက်နေသည် ။

" အေး စိတ်မဝင်စားတာပဲ ကောင်းတယ် ။ ငါ သေချာမှာထားမယ် ယဥ်ယဥ် ချီနဲ့ နင့်အဆင့်အတန်းက မိုးနဲ့မြေလို ကွာခြားတယ်နော် ။ ပြီးတော့ နင့်ကို ငါဒီအိမ်ကို ခေါ်လာပေးတာ ကျေးဇူးတင် ။ မေမေတို့အိမ်မှာသာ နင်ကျန်ခဲ့ရင် ခွေးလို နွားလို နင်အလုပ်လုပ်ရမှာ ။ နင်သိပါတယ် မနက်အစောကြီး လေးနာရီလောက်ထပြီးညမိုးချုပ် ဆယ့်နှစ်နာရီကျော်မှ အိပ်ခဲ့ရတာတွေကို ။ ကြီးမြတ်ပိုင်ချီ နဲ့ ခပ်ကင်းကင်း နေပေး ကြီးကြီးမြိုင်ကိုလည်း လိုတာထပ်ပိုမဖားနဲ့ ။ ကုန်ကုန်ပြောရရင် ကြီးမြတ်ပိုင်ချီ က ငါ့ယောကျ်ားဖြစ်လာမယ့်သူ "

My Impressive HusbandWhere stories live. Discover now