|| 8 ||

145K 10.6K 2K
                                    

Unicode

နားဖျားနားလေးကို ကပ်ကာ ပြောလာသူကြောင့် ယဉ်နှောင်းလက်ပံ ကြက်သီးထသွားရသည် ။

" ဘယ်လိုလဲ ခင်ဗျား ကျုပ်ပြောသလို လက်ခံမှာလား "

စဉ်းစားသလိုလေး ဖြစ်နေသော ယဉ်ယဉ် က ချီလုပ်နေတာတွေကို အခု ထိသတိမထားမိသေးဟန် ရှိသည် ။

ချီလက်တွေက ယဉ်ယဉ် အင်္ကျီ ရဲ့ အထဲကို ရောက်နေပြီ နောက်ကျော ဘက်ကို ခပ်ဖြည်းဖြည်းလေး ပွတ်သပ်မိတော့ ထအော်လာသောသူ ။

" ကြီးမြတ်ပိုင်ချီ မင်းလက်တွေ ဖယ်စမ်း "

" ယဉ်ယဉ်ကလည်း ဗျာ ခင်ဗျားကို ပြောရတာ တစ်ကယ်လက်ပေါက် ကပ်တယ် "

" ငါ့ဘက်လည်း တွေးပေးဦးလေ မင်းလိုကောင်နဲ့ သုံးလတောင် အိပ်ပေး ရမှာ "

" ဘာ ခင်ဗျား ပြန်ပြောလိုက်စမ်း ကျုပ်လိုကောင်ဆိုတော့ ကျုပ်က ဘာ ဖြစ်နေလို့လဲ "

သူ့ကိုပြောတော့ကျ လူကို စားတော့မယ့် ဝါးတော့မယ့် အတိုင်း လာကြည့် သူ ကြီးမြတ်ပိုင်ချီ ။

" မင်းကိုမင်း သိလေ ကြီးမြတ်ပိုင်ချီ ငါစဉ်းစားဦးမယ် "

” ဒီနေ့အပြီး စဉ်းစား ကျုပ်အပေးအယူကို လက်ခံရင် ဒီည 12 နာရီ ကျုပ် အခန်းထဲကို လာခဲ့ ယဉ်နှောင်းလက်ပံ "

" မင်း ကြီးမြတ်ပိုင်ချီ ဘာလို့ငါနဲ့ အဲ့လောက်အိပ်ချင်နေရတာလဲ ဟင် ငါက မင်းနဲ့အိပ်နေကျ သူတွေလို မဟုတ်ဘူး နော် "

သူ့စကားကြောင့် ချီက ငြိမ်ကျသွားကာ
သူ့ကိုဖက်ထားတာလည်း လွှတ်လိုက်ပြီး ဘေးနားက ဆိုဖာကို ကျောမှီကာ မျက်လုံးတွေ စုံမှိတ်ထားသည် ။

" အဲ့နေ့က ခင်ဗျားက နေရောင်ခြည်အောက်မှာ ပန်းတွေညှပ်နေတာလေ ခင်ဗျားလှုပ်ရှားနေတဲ့ တစ်ချိန်လုံး ကျူပ်ကြည့်နေခဲ့တာ ခင်ဗျား ကျုပ်ဘက် လှည့်လိုက်တဲ့အချိန် ခင်ဗျား နှာခေါင်းထိပ်ဖျားလေးမှာ မှဲ့နက်ကလေး ကို တွေ့လိုက်ရတယ် နောက်တော့ ကျုပ်ခင်ဗျားနဲ့ အိပ်ချင်တဲ့ စိတ်ဖြစ်လာတာပဲ "

ချီ ပေးလာသော အကြောင်းပြချက်ကို သူ ကြားပြီးသည့်နောက်တွင်တော့ စောက်ကျိုးနည်း ဟုသာပြောနိုင်တော့သည် ။

My Impressive HusbandWhere stories live. Discover now