|| 39 ||

127K 8.9K 1.7K
                                    

Unicode

Leo လေးက သူ့ကို တစ်ကယ် စိတ်ဆိုးသွားတာပဲ။

တစ်ကယ်ဆို ဘုန်းဘေဘီ ကိုယ်တိုင်က မှားတာမို့ Leo လေး စိတ်ဆိုးတာလည်း ဖြစ်သင့်ပါတယ်လေ။

ထဖို့ အားယူလိုက်ပေမယ့် အောင့်တက်လာသော ဗိုက်ကြောင့် ဘယ်လိုမှ ထမရဘဲ ဖြစ်နေသည်။

" အာ့ "

ဗိုက်ကိုအသာဖိကာ ဘေးက ပန်းအိုးကို မှီချလိုက်တော့မှ ဘေဘီ အောင့်တာ နည်းနည်း သက်သာလာတယ်။

" Leo "

သူ့ဆီကို လုံးလုံး လုံးလုံးနဲ့ လျှောက်လာနေတာ ကြီးမြတ်ကုဋေချီ မှ ကြီးမြတ်ကုဋေချီ အစစ်ပေ။

လက်ထဲမှာလည်း တဘက်အကြီးကြီးတစ်ထည်ကိုယူလာသေးတယ်။

" Leo "

သူ့ရှေ့ရောက်တာနဲ့ Leo က ပါလာတဲ့ အမွှေးပွ တဘက်ကြီးကို ဘေဘီ့ကို ခြုံပေးလိုက်တာမို့ ဘုန်းဘေဘီ ခင်မျာ အကြောင်သားလေးဖြစ်နေသည်။

" နေကောင်းဝူးယေ လုံးဘေယီက ချောင်ချုံယားယိုက် "

ပြောပြောဆိုဆို နဲ့ သူ့ဘေးက နေရာလွတ်မှာ ခြေထောက်နှစ်ဖက်ဆင်းကာဝင်ထိုင်လာသည်။

" Leo မအိပ်သေးဘူး လား အိပ်သွားပြီ ထင်နေတာ ဘေဘီက "

" အိပ်ကျော်ဝူး အကျင်ညာ လုံးဘေယီ တစ်ချောက်ယဲယေ အာ့ဂျောင့် ကျန်ထွက်ယာယာ "

Pajamas အနက်ရောင် လေးနဲ့ ချစ်ဖို့ ကောင်းနေသော ဒီကလေးလေးက သူ့ကို စိတ်မချလို့ ပြန်ထွက်လာတာဆိုပဲ။

" Leo ဘေဘီ့ရှေ့ကိုလာ ပြောစရာရှိတယ် "

" အင်း ကျောယေ "

အပူလောင်သွားတဲ့ ညာဘက်လက်ဖမိုး နီနီရဲရဲလေးကို ဘုန်းဘေဘီ နှုတ်ခမ်းလေးနဲ့ အသာဖိကာအုံဖွလုပ်ပေးလိုက်တော့ Leo မျက်နှာလေး ပြုံးလာတယ်။

" နောက်တစ်ခါ ဘယ်တော့မှ မအော်တော့ဘူးနော် ကတိပေးတယ် Leo "

" လုံးဘေယီက အော်ရော့ တားက နိုချင်တွားယာ ပါပါးကယောင် ထွက်တွားရို့ တစ်ချာည မကျောဖူးဝူး "

ခေါင်းလုံးလုံးလေးကို ဘုန်းဘေဘီ လက်ဖဝါးနှစ်ဖက်နဲ့ အသာကိုင်ကာ သူ့ပုခုံးပေါ်မှီစေလိုက်သည်။

My Impressive HusbandWhere stories live. Discover now