|| 18 ||

125K 10.1K 2.7K
                                    

Unicode

သား​ဖြစ်သူရဲ့ အပြုအမူတွေ ကြောင့် ဒေါ်ပန်းမြတ်ဒေဝီ လက်သီး ကို ခပ်တင်းတင်း ဆုပ်ထားမိသည်။

" ကြီးမြတ်ပိုင်ချီ "

ခပ်မာမာအော်လိုက်သော်လည်း သားချီက ဂရုမစိုက်လာ။

" ဖယ်ပေး ချီ "

အားလုံးက သူ့ကို သတ်မလိုဖြတ်မလိုမျက်လုံးတွေနှင့် ဝိုင်းကြည့်နေကြ၍ ယဥ်နှောင်းလက်ပံ ထဖို့ပြင်လိုက်သော်လည်း ခါးတစ်ဝိုက်ဖက်ထားတဲ့ ချီ့လက်တွေကပိုပြီးတင်း​ကျပ်လာသည်။

" ကျုပ် တစ်ခါထဲ ပြောထားမယ် ခင်ဗျားတို့ သမီးကို ချစ်လည်း မချစ်ဘူး လက်လည်း လက်မထပ်နိုင်ဘူး ။ စာရိတ္တလည်း မကောင်း  တဲ့အပြင် ကြီးကြီးမြိုင်ကိုလည်း လှေကားပေါ် က တွန်းချတယ် ။ မစံပယ်မြတ်ဟန်လို မကောင်းတဲ့ မိန်းမမျိုးကို ကျုပ်လုံးဝမယူနိုင်ဘူး  "

မ​ကောင်းတဲ့မိန်းမဆိုသည့် ချီ့ရဲ့ခနဲ့သလိုစကားကြောင့် စံပယ်မြတ်ဟန်က တဟင့်ဟင့်နဲ့
ထငိုသည်။

" မဟုတ်ပါဘူး ချီရယ် ယဥ်ယဥ်က စံပယ်ကိုလာပြောတယ် လက်ဝတ်ရတနာတွေယူပေးမယ်ဆိုရင် ချီနဲ့ ပိုပြီးနီးစပ်အောင်လုပ်ပေးမယ်ဆိုလို့ပါ ပြီးတော့ လေ ကြီးကြီး ကို တွန်းချတာ ယဥ်ယဥ်ပါ ဟင့် "

စောက်ကျိုးနဲ ဒီမိန်းမက ဒီလိုစောက်ရေးမပါတာတွေလည်း ပြောတတ်သားပဲလို့ ကြီးမြတ်ပိုင်ချီ စိတ်ထဲမှာ တွေးမိသည်။

" မင်းသမီး လုပ်ပါ့လား မစံပယ်မြတ်ဟန် ထပ်ဆင့်အကယ်ဒမီတွေပါ ရအောင်လို့ အဟက်  "

ကြီးမြတ်ပိုင်ချီ ယဥ်ယဥ့်ပုခုံးပေါ်မှေးတင်ကာပြောတော့မယ်မယ်က ခပ်စူးစူး အကြည့်တွေနဲ့ကြည့်လာသည်။

" ကြားတယ်နော် သားချီ မင်းကောင်လေးက ဘယ်လိုစိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားလဲဆိုတာ "

" မယ်မယ် "

ဒီလောက်တောင် မယ်မယ်က ယဥ်ယဥ့်ကိုဘာလို့ မကြည်ဖြစ်နေတာလဲ ။

" အဲ့လိုမပြောပါနဲ့ ချီ ဟင့် စံပယ်လုပ်တာ မဟုတ်ပါဘူး ချီရယ် ။ စံပယ်ကို ယဥ်ယဥ်က ခိုင်းတာပါ စံပယ်မလုပ်ဖူးလို့ပြောပေမယ့် သူက အတင်းအကြပ်လုပ်ခိုင်းတာ အားးးးး  "

My Impressive HusbandWhere stories live. Discover now