|| Epilogue ||

235K 11.1K 2.8K
                                    

Unicode

အသိမိတ်ဆွေတွေနဲ့ စကားခဏပြောပြီးပြန်လာရုံရှိသေး မြင်လိုက်ရတဲ့ မြင်ကွင်းက စိတ်တိုစရာ။

" ကြီးမြတ်ပိုင်ချီ "

" ကြီးမြတ်ပိုင်ချီ "

လှည့်ကြည့်မလာ ယဥ်နှောင်းလက်ပံ ဒေါသတွေ ထွက်လာပြီ ။

" ကြီးမြတ်ပိုင်ချီ "

ဘေးက နိုင်ငံခြားသူတစ်ယောက်နဲ့ စကားပြောနေတာ မျက်နှာကြီး ကို ပြုံးရွှင်နေတာပဲ ။

သူခေါ်နေတာတောင် မကြားနိုင်လောက်အောင်ကို ဖြစ်နေတာ ။

သားကို ကြည့်တော့လည်း သတို့သမီးရဲ့သူငယ်ချင်းတွေဝိုင်းမှာ ထိုင်နေပြီး စားလိုက်စကားပြောလိုက်နဲ့ ဟိုကောင်မလေးတွေကချစ်စရာလေးဆိုပြီးအသည်းတယားနမ်းတာကိုငြိမ်ခံနေသည်။

သူတစ်ယောက်ထဲ Wedding လာပြီး လေ
လွင့်နေတာပေါ့။

" သားအဖနှစ်ယောက် လုံး Wedding ကို လိုက်ချင်နေတာ ဒီလိုတွေပျော်ချင်လို့ပေါ့ "

သတို့သားနဲ့သတို့သမီးကို နှုတ်ဆက်ပြီး ယဥ်နှောင်းလက်ပံ အိမ်သာပြန်လာခဲ့လိုက်သည်။

သူတို့နှစ်ယောက်ဘယ်လိုပဲနေခဲ့နေခဲ့ အပြန်လာရခက်နေမှာဆိုးလို့ကား​တော့ထားပေးခဲ့လိုက်တယ်။

ယဥ်ယဥ်ကတော့ Taxi ငှားပြီးသာ ထွက်လာလိုက်သည်။

" This is where we stop talking, Ms. Catherine "

ကြီးမြတ်ပိုင်ချီ စကားစကို အမြန်ဖြတ်ကာ ယဥ့်ကို လိုက်ရှာရသည်။

သတို့သားနဲ့သတို့သမီးကို ယဥ်သွားနှုတ်ဆက်နေတုန်း သူတစ်ယောက်ထဲ ကျန်နေခဲ့ခြင်းပင်။

ဘေးနားမှာ လာထိုင်ပြီး အလုပ်ကိစ္စလိုလို ဘာလိုလိုနဲ့ သူ့ကို လာအီစီကလီရိုက်နေလို့ ချီ စိတ်ကိုအတတ်နိုင်ဆုံးဆွဲဆန့်ကာပြန်ဖြေပေးနေခြင်းပင်။

" Leo မင်း ပါပါးရော "

သားက ကောင်မလေးတွေကြား ထိုင်နေတာမို့ချီမနည်းဆွဲထုတ်လာခဲ့ရတယ်။

" မတိဝူးယေ ပါပါးဘယ်တွားယို့ယဲ ဒယ်ဒယ် "

" စိတ်ဆိုးသွားပြီ ထင်တယ် မင်းပါပါး မင်းကလည်း ပါပါး အနားမနေဘူး ကောင်မလေးတွေ အနားပဲ ကပ်နေတော့ စိတ်ဆိုးသွားပြီ ပေါ့ "

You've reached the end of published parts.

⏰ Last updated: Aug 15 ⏰

Add this story to your Library to get notified about new parts!

My Impressive HusbandWhere stories live. Discover now