|| 12 ||

140K 10.3K 2.2K
                                    

Unicode

" ကြီးမြတ်ပိုင်ချီ   ကြီးမြတ်ပိုင်ချီ "

ချီက သူ့ကို ဂရုမစိုက်စွာဘဲ  ကားကိုအမြန် မောင်းထွက်သွားသည် ။

ယဥ်နှောင်းလက်ပံ  အိမ်ထဲအမြန်ပြန်ဝင်ပြီး ချီ့အတွက် အနွေးထည်နဲ့ လိုအပ်တာအနည်းငယ်ယူကာ ခြံထဲက Driver ဦးလေးကြီးကို လှမ်းခေါ်ပြီး ချီ့ကားနောက် အမြန်လိုက်ခိုင်းရတယ် ။

" နေဦး ငါလည်းလိုက်မယ် "

မမကြီးက အတင်းကားထဲဝင်ထိုင်ပြီး ယဥ်
ယဥ့်ကို လက်တို့လာသည် ။

" ဦးလေး မြန်မြန်မောင်းပေးပါဗျာ "

ယဥ်နှောင်းလက်ပံ  စိတ်ပူနေတဲ့အသံကြောင့် ဦးလေးကြီးကလည်း အရှိန်တင်ပြီးမောင်းပေးရှာသည် ။

" ယဥ်ယဥ်  မမကြီးကိုကူညီပါနော်  "

လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းပွတ်ကာရှိခိုးမတတ်ပြောလာသော မမကြီးက တစ်ကိုယ်လုံး တုန်ရီနေကာ ယဥ်ယဥ့်ကို မျက်နှာငယ်လေးဖြင့်ကြည့်လာသည် ။

" ဟင့်အင်း မမကြီး  ဒီတစ်ခါတော့ ကျွန်တော်  မကူညီပေးနိုင်ဘူး   "

ဘာမှဆက်မပြောမနေဘဲ သူ ငြင်းဆန်ပစ်လိုက်သည် ။

ထပ်ပြီးတော့ ကြီးမြတ်ပိုင်ချီ မုန်းတာကို သူမခံချင်ဘူး။ ချီ့ရဲ့ခနဲ့သလိုရွဲ့သလိုလိုစကားတွေကိုလည်း သူနားထောင်ဖို့ ခံနိုင်ရည်မရှိဘူး။

အခုတ​လော ချီ့အကြောင်းတွေးမိတိုင်း မျက်ရည်ကအလိုလိုကျလာသည် ။

ကျလာတဲ့ မျက်ရည်တွေကို ယဥ်နှောင်းလက်ပံ  မြန်မြန်သုတ်ပစ်လိုက်ပြီး ဆေးရုံမြန်မြန်ရောက်ဖို့သာဆုတောင်းမိတယ် ။

" ကြီးကြီးမြိုင် ဘာမှမဖြစ်ပါစေနဲ့ "

" ယဥ်နှောင်းလက်ပံ နင်ငါ့ကိုကူညီရမယ် "

" မမကြီး ခဏလောက်တိတ်တိတ်နေပေးပါဗျာ ဦးလေး အရှိန်ထပ်တင်ပေးပါဦး "

ဘေးကနေ တတွတ်တွတ် ပြောနေတဲ့ မမကြီးစကားတွေလည်း ကြားတစ်ချက် မကြားတစ်ချက်ဖြစ်နေသည် ။

"  ယဥ်နှောင်းလက်ပံ  နင်က ငါတို့အိမ်နဲ့ ဘာမှမဆိုင် "

" အကိုလေး ရောက်ပါပြီ "

My Impressive HusbandWhere stories live. Discover now