|| 21 ||

133K 10.2K 4.4K
                                    

Unicode

နှာခေါင်းထိပ်ဖျားက မှဲ့နက်ကလေးကို ချီ ခပ်ဖွဖွလေး လက်မလေးနဲ့ ထိကြည့်လိုက်သည်။

ယဥ်နှောင်းလက်ပံ ကို စတွေ့တော့ နေရောင်ခြည်လဲ့လဲ့အောက်မှာ နှာခေါင်းထိပ်ဖျားက မှဲ့နက်ကလေးကို ချီ အရင်ဆုံး သတိထားမိခဲ့တာ။

အဲ့ဒီအချိန် တင်္ဒဂလေးအတွင်းမှာပဲ ယဥ်နှောင်းလက်ပံဆိုတဲ့ အညိုရောင် ချောကလက်လေးက ချီ့နှလုံးသားထဲမှာ နေရာယူပြီးသွားပြီ။

ကျုပ်နဲ့အိပ်မလား ယဥ်ယဥ်လို့ မေးခဲ့ရမှာ မဟုတ်ဘူး ကျုပ်ကို ချစ်နိုင်မလားယဥ်ယဥ်လို့ မေးခဲ့ရမှာ။

" မောင့်ကို မမုန်းပါနဲ့နော် ယဥ်နှောင်းလက်ပံ "

ယဥ်နှောင်းလက်ပံ ချီ့ ပါးကို လက်နဲ့အုပ်ကိုင်လိုက်တော့ မျက်ဝန်းညိုတွေကိုပိုင်ဆိုင်ထားသည့်လူဆိုးကောင်က ပြန်ကြည့်လာသည်။

" မုန်းစရာလား ချီ မင်းကို ငါ မမုန်းဘူး မုန်းလို့မရနိုင်တာဆို ပိုမှန်လိမ့်မယ် "

" ကျေးဇူးတင်ပါတယ် "

" မလိုပါဘူး မောင်ရယ် ငါ နားလည်တယ် "

" မောင် မင်းကို "

" အခုမပြောနဲ့ဦး ငါတို့ မှာ အချိန်တွေအများကြီး ရှိသေးတယ် မောင် "

" ခင်ဗျား အဲ့အချိန်အထိ မောင့်အနားမှာ ရှိနေပေးမှာလား "

" ဒါပေါ့ "

လိုချင်တဲ့ အဖြေရသွား၍ ချီက ကလေးတစ်ယောက် လို ကြည်ကြည်လင်လင်နဲ့ပြုံးလာသည်။

" ဒါဆို မောင်တို့ ထွက်သွားကြမယ် ယဥ်ယဥ် လိုအပ်တာတွေ ထည့်ကြမယ်နော် လာ "

" ချီ "

" မောင့်စကားနားထောင်နော် ခင်ဗျားကို မောင်က ကာကွယ်ပေးပါ့မယ် ခင်ဗျားက မောင့်စကားကိုပဲနားထောင်ပေးပါ "

" ဘာတွေဖြစ်လာမှာမို့လို့လဲ ချီ "

ယဥ်နှောင်းလက်ပံ မေးလိုက်သော်လည်း ချီက စိတ်မပူဖို့ပဲ ပြောလာသည်။

" ဘာတွေပဲဖြစ်လာဖြစ်လာ ခင်ဗျားကို မောင်က အသက်နဲ့လဲပြီး ကာကွယ်မှာ ။ စိတ်မပူပါနဲ့ ခင်ဗျားဘေးမှာ မောင်ရှိနေသ၍ ခင်ဗျားထိခိုက်ဒဏ်ရာတစ်ခုတောင်မရစေရပါဘူး "

My Impressive HusbandWhere stories live. Discover now