|| 14 ||

138K 10.3K 1.5K
                                    

Unicode

" မင်းကိုမွေးစားထားတာ ယဥ်ယဥ် "

" မေမေ "

သူ့ကို နားမလည်သလိုလေး ကြည်လာသည့် ယဥ်ယဥ့်ကြောင့် ယုယခိုင် အိတ်ထဲကနေ စာအိတ်တစ်အိတ်ထုတ်ပေးလိုက်သည်။

" ဖတ်လိုက် ယဥ်ယဥ် မင်းအတွက် မင်းမေမေထားခဲ့ပေးတာ "

လက်ထဲသို့ရောက်လာသော စာအိတ်အား
ယဥ်နှောင်းလက်ပံ ချက်ချင်း ဖောက်ကြည့်လိုက်သည်။

//

သို့

ဒီစာကိုဖတ်နေတဲ့အချိန် မေမေ့သားလေးက အရွယ်ရောက်နေလောက်ပြီပေါ့နော်။

အကြောင်းအမျိုးမျိုးကြောင့် သားကို မေမေစွန့်ပစ်ခဲ့ရလို့ အားနာရပါတယ်။

ယဥ်နှောင်းလက်ပံဆိုတာ သားအတွက်မေမေစဥ်းစားထားတဲ့နာမည်လေးလေ သားကြိုက်တယ်မလား။

သားကိုမေမေသိပ်ချစ်ပါတယ် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပေးပါ။

//

" ယဥ်ယဥ် ဘာလို့ဖြဲပစ်ရတာလဲ "

" မေမေလိမ်နေတာမလား ကျွန်​တော်က မွေးစားသားဆိုတာ ပြီးတော့ ဒီစာလေးတစ်စောင်နဲ့ပဲ သေချာပြောလို့မရဘူးလေ မေမေ "

ခေါင်းငုံ့ထားလျက်ဖြင့်သာ သူ အတုန်တုန်အရီရီဖြင့် ပြောမိသည်။

" ဒါကအမှန်တရားပဲ ယဥ်နှောင်းလက်ပံ "

" ဟင့်အင်း မေမေလိမ်နေတာ ကျွန်တော် မယုံဘူး "

" ယဥ်နှောင်းလက်ပံ "

စီးကျလာတဲ့မျက်ရည်တွေကို မသုတ်အားသေး သူ မေမေ့ကို မော့ကြည့်မိသည်။

" ဘာလို့ စွန့်ပစ်ခဲ့တာလဲ သူက "

" ငါလည်းမသိဘူး "

" မေမေ "

ယုယခိုင် သက်ပြင်းသာ ချမိသည် ။

" တစ်ကယ်မသိတာ ယဥ်ယဥ် ။ မြခက်နွယ်နဲ့ငါက သာမန်သူငယ်ချင်းပဲ ။ မင်းမေမေက ငါနဲ့ အရမ်းကြီးရင်းနှီးတဲ့ ဆက်ဆံရေးမျိုးမရှိဘူး ။ မြခက်နွယ်က အရမ်းလည်းလှသလို အရမ်းလည်း ရည်းစားရှုပ်တယ် ကောင်လေးတွေတစ်ယောက်ပြီးတစ်ယောက်တွဲတယ် ဘဝကို သူပျော်သလိုဖြတ်သန်းတယ် ။ တက္ကသိုလ် နောက်ဆုံးနှစ်မှာ မင်းမေမေပျောက်သွားတယ် ။ငါအဆက်အသွယ်လုပ်ကြည့်ပါသေးတယ် ဒါပေမဲ့ အစတောင်ရှာလို့မရခဲ့ဘူး "

My Impressive HusbandTahanan ng mga kuwento. Tumuklas ngayon