|| 29 ||

137K 10.3K 2.4K
                                    

Unicode

" Leo "

" အီးးးးးးး လူဂျိူး လူယိမ် လုံးလုံးက လူဂျိူး "

" လီယို လို့ "

" အီးးးးးးး လူဂျိူး လာခေါ်ယဲ့ တွားတွား လုံးဘေယီ "

ခြံထဲက သနပ်ခါးပင်ရှေ့မှာ ခြေဆင်းကာငိုနေသော Leo လေးကို ဘေဘီကောက်ပွေ့ကာပေါင်ပေါ်တင်ထားလိုက်တော့လည်ပင်းကိုသူ့လက်​ဖောင်း​ဖောင်း​လေးနဲ့သိုင်းဖက်လာသည်။

" မငိုနဲ့ ငိုရင်မချစ်ဘဲနေမှာ ပြောတော့ ဘေဘီ့ကို မချစ်ဘူး ဆို Leo က "

" အီးးးးးး ချရာယေ လုံးဘေယီရို တားက "

" တော်ပြီ မငိုရဘူး Leo လေးက ငိုတော့ ဘေဘီလည်း ငိုချင်တာပေါ့ "

စီးကျနေတဲ့ မျက်ရည်တွေသုတ်ပေးလိုက်တော့ သူ့ကို မျက်လုံး ဝိုင်းဝိုင်း လေးတွေဖြင့်ကြည့်လာတယ်။

" ဒါချို တားယဲ့ Rain ဘယ်ချူ့ ပိုချစ်ယဲ လုံးဘေယီ "

" အမ် "

" Rain ဆိုချင် ခေါ်ရော့ဝူး လုံးဘေယီရို "

ရွှတ်

ရွှတ်

အလည်လေးရဲ့ပါးဖောင်းဖောင်းနှစ်ဖက်ကို​ဘေဘီ ဖိကပ်နမ်းပစ်လိုက်သည်။

" Leo လေး တစ်ယောက် ထဲကိုပဲ ချစ်တော့မယ် ဘေဘီက ကိုကြီး Rain ကိုလည်း မချစ်တော့ဘူး နော် ကျေနပ်ပြီလား "

" အွန်းအွန်း ကျေချပ်ယယ် ကျေချပ်ယယ် အာဝါး ချူမယား လုံးဘေယီ "

ဒီကလေးက သူ့ကို အာဘွားပေးဖို့ တောင်ပြင်နေပြီ။

" ချူမှာယား မချူဝူးယား လုံးဘေယီ အာဝါးရို "

" ယူမယ် ယူမယ် နမ်းပါဦး ဘေဘီ့ကို "

ပြွတ်

ပါးကို နမ်းမည်ဟု ထင်ထားသော်လည်း နဖူးကို နမ်းလာသော Leo လေးကြောင့် ဘုန်းဘေဘီ ရင်တွေပါတုန်လာရသည်။

မလွယ်လိုက်တာ ကြီးမြတ်ကုဋေချီရယ်။

" ဒါချို လုံးဘေယီက တားရိုပဲချစ်ရော် သူညားတွေရို တွားချစ်ချဝူး"

သူ့ကိုပဲချစ်ရမယ်တဲ့ သူများတွေကိုမချစ်ရဘူးဆိုပဲ။

" ဟုတ်ပါပြီ ဘေဘီက ကြီးမြတ်ကုဋေချီ လေးရဲ့ စကားကို နားထောင်ပါ့မယ် အခုတော့ ရေသွားချိုးမယ် ညနေ အပြင်သွားဖို့ Leo ကိုပါခေါ်သွားမှာ "

My Impressive HusbandWhere stories live. Discover now