|| 31 ||

125K 10.6K 2.9K
                                    

Unicode

" မဟုတ်ဘူးလေ"

တစ်ယောက်ထဲ ရေရွတ်မိတော့ ဒေါက်တာ တွေက စိတ်မကောင်း သလိုကြည့်လာကျသည် ။

" မဖြစ်နိုင်တာ "

" လူမှားနေတယ်မလား "

" ပုဝါအောက်မှာ တခြားသူတွေမလား "

" အိမ်မက်မက်နေတာ ထင်တယ် "

" ယဥ်ယဥ် မလုပ်နဲ"

ကိုယ့်ပါးကိုယ် ယဥ်နှောင်းလက်ပံ သုံးချက်လောက် ပြန်ရိုက်ကြည့်တော့ အိမ်မက်မဟုတ်။

မဟုတ်ဘူးလေ မဟုတ်ဘူးမလား သူ့သားလေးက လေ မဟုတ်လောက်ပါဘူး ။

" အာ လူမှားနေတယ် ဒေါက်တာတို့ မိုးမြတ်နေရောင် မင်းက ငါ့ကို ဒီအထိခေါ်လာပြီး စတယ်ပေါ့ "

ယဥ်နှောင်းလက်ပံ မျက်ရည်တွေကိုလက်နဲ့အကြမ်းပတမ်း ဆွဲသုတ်ပစ်လိုက်ပြီး ပြောတော့ ဒေါက်တာတွေနဲ့ မိုးမြတ်နေရောင်က သနားသလိုအကြည့်တွေနဲ့ကြည့်လာကြသည်။

"ယဥ်နှောင်းလက်ပံ "

" ပြန်တော့မယ် Leo ဗိုက်ဆာနေတော့မယ် မိုးမြတ်နေရောင် ငါသွားပြီ "

" စိတ်လျှော့ ယဥ်နှောင်းလက်ပံ "

သူတို့ကို ကျောခိုင်းပြီးလှည့်အထွက်လက်ကိုလာဆွဲတာမို့ ယဥ်နှောင်းလက်ပံ ရုန်းလိုက်တယ်။

" ဘာကို စိတ်လျှော့ရမှာလဲ ငါ့သားစောင့်နေပြီ စက်ကောင်းကင်ယံ မင်းလည်းပြန်တော့ ဘုန်းဘေဘီ က သားနဲ့အတူတူရှိတယ်"

" ကျွန်တော်တို့ ပုဝါလှပ်ပြပါ့မယ် ယဥ်နှောင်းလက်ပံ"

ဒေါက်

လက်ထဲက ဖုန်းလေး ကြမ်းပြင်ပေါ်သို့ပြုတ်ကြသွားပေမယ့်လည်း မကောက်ဖြစ်။

" ဟင့်အင်း လှပ်စရာမလိုပါဘူး ကျွန်တော့်သားက အိမ်မှာ ရှိတယ် ဒေါက်တာတို့ရဲ့ လူမှားနေတာ ဖြစ်ရမယ် ။ ပြန်တော့မယ် သားအတွက် သစ်သီးခြောက်နဲ့နို့ဝင်ဝယ်ရဦးမှာမို့လို့"

" Leo လေး မရှိတော့ဘူး ယဥ်ယဥ် "

"ပါးစပ်ပိတ်ထားလိုက်စမ်း ! "

ဘာလို့ မရှိရမှာလဲ ဘယ်ထွက်သွားလို့သူ့သားလေးကမရှိရမှာလဲ။

My Impressive HusbandWhere stories live. Discover now