|| 24 ||

127K 11K 2.4K
                                    

Unicode

လေဆိပ်ဆင်းတာနဲ့ တစ်ဖက် GP လုပ်ငန်းစုက လာကြိုပေးသည်မို့ ယဥ်နှောင်းလက်ပံ Luggage နှစ်လုံးကို သူတို့နဲ့ထည့်ပေးလိုက်ပြီး သားကိုသာ သေချာချီထားလိုက်သည်။

အဝါရောင် ဘောင်းဘီရှည် နဲ့ ဟူဒီ အဝါရောင်ပွပွကြီးကြား Leo တစ်ယောက် မြှုပ်နေပုံလေးမှာ ချစ်စရာဘဲပေါက်လေးတစ်ကောင်လိုပင်။

" ပါပါး အီးးးးး "

" အင်း ကျွတ် ကျွတ် အိပ်အိပ် Leo ပင်ပန်းနေပြီ ပါပါး သားလေး "

ချော့သိပ်လိုက်တော့ မှေးစင်းနေတဲ့ Leo လေးရဲ့ မျက်လုံးတွေက ပြန်မှိတ်ကျသွားသည်။

" အကိုပါ ကျွန်တော်တို့ ကားနဲ့လိုက်ခဲ့ပါ့လား "

" ရတယ် Luggage တွေသာသယ်ပြီး Hotel ရှေ့ ချပေးထားခဲ့ ကျန်တာ ကိုယ့်ဘာသာဆက်လုပ်မယ် "

" ဟိုဟာ CEO က အကို့ကို Hotel မှာ မတည်းစေချင်ပါဘူးတဲ့ "

" လိုတာပဲ ပြောကြရအောင် ငါ့သားပင်ပန်းနေပြီ "

" CEO တို့ အိမ်မှာ လိုက်တည်းပါ့လားဗျာ အကို "

ရစ်နေသော GP လုပ်ငန်းစုမှ ကောင်လေးကြောင့် ယဥ်ယဥ် စိတ်မရှည်တော့။

" Luggage ပါထားပြီး မင်းထွက်သွားလိုက်တော့ ငါ့သားပင်ပန်းနေတယ်လို့ ပြောနေတာကို  "

" အကို "

" သွားတော့ "

Taxi တစ်စီးကားငှားပြီးသာ ယဥ်နှောင်းလက်ပံ အနီးနားက Hotel တစ်ခုဆီ ညွှန်ပေးလိုက်သည်။

တစ်ပတ်လောက်နားပြီးမှ သူတို့သားအဖနှစ်ယောက်​နေဖို့အတွက် ကွန်ဒိုတစ်ခန်းဖြစ်ဖြစ် အိမ်တစ်လုံး ဖြစ်ဖြစ် ဝယ်ရမယ်ဟုတွေးထားလိုက်တယ်။ ပြီးတော့ ကားတစ်စီးလောက် ဝယ်ရမယ် ။

" အင့် "

" ဘာဖြစ်တာလဲ Leo မျက်လုံးတွေ မပွတ်ရဘူး ပါပါးကိုပြော "

" မူးရယ် မူးရယ် မူးနေရာ ပါပါး "

လေယာဥ်အကြာကြီးစီးရလို့ထင်တယ် သုံးနှစ်သားလေး Leo အတွက် တော့ တော်တော်ကြီး ပင်ပန်းသွားမှာ။

" လာ ပါပါး ရင်ခွင်ထဲမှာ မှီနေလိုက် Leo "

" အီးးးးး မူးရာပြီ နေရို့မ​ကျောင်း​ရော့ဘူး ပါပါး "

My Impressive HusbandWhere stories live. Discover now