|| 15 ||

145K 10.2K 1.3K
                                    

Unicode

ယဥ်နှောင်းလက်ပံ အခုမှပင် အင်္ကျီ အတည့်
နှင့် ကြည့်ကောင်းသွားသော ကြီးမြတ်ပိုင်ချီဘက်လှည့်လိုက်သည်။

" ချီ ငါ့နောက်လိုက်လာတာလား "

" လိုက်မလာလို့မရဘူးလေ ညက ခင်ဗျား အတော်ပင်ပန်းသွားတယ်မလား "

" ကြီးမြတ်ပိုင်ချီ "

ဒီအကောင်ကစကားကို ဘယ်လိုဖြစ်လို့ ဒဲ့ပြောနိုင်ရတာလဲ ။

" မဟုတ်လို့လား နာနေသေးလား ယဥ်ယဥ် ကျုပ်ဆေးတော့လိမ်းပေးထားတယ် ။ ကျုပ်က ကြမ်းကြမ်းရမ်းရမ်းဆိုတော့ ခင်ဗျား ခံနိုင်ရည် မရှိမှာဆိုးလို့ "

" ကြီးမြတ်ပိုင်ချီ ပါးစပ်ပိတ် "

" နေပါဦး ခင်ဗျားက ဘာဖြစ်လို့ အဲ့အကောင်နဲ့ အတူတူထိုင်နေရတာလဲ "

ချီ မေးလိုက်တော့ ဘေးက အညိုစင်က မပြောချင်ဟန်ပြလာသည်။

" ချီ "

" မဟုတ်မှ သွေးစက်ရိပ်မာန်ကို ခင်ဗျားကြိုက်နေတာလား ယဥ်နှောင်းလက်ပံ "

" ကြီးမြတ်ပိုင်ချီ ပေါက်ကရတွေလာမပြောနဲ့ "

" အဟက် မဟုတ်လို့လား ရည်းစားစကားအပြောခံနေရတာတောင်မှ Blueberry cake ကစားနိုင်သေးတယ် ဘာလဲ ခင်ဗျားက အစားနဲ့မြှားရင် ရတယ်ပေါ့ ယဥ်ယဥ် "

" ကြီးမြတ်ပိုင်ချီ "

" ကျုပ်နာမည် အလကားရတိုင်းခေါ်မနေနဲ့"

တစ်မနက်လုံး သူကတော့ လိုက်ရှာနေလိုက်ရတာ ။
စာထဲမှာကျ မေမေခေါ်သွားလို့ဆိုပြီး အပြင်မှာကျ ကိတ်မုန့်တောင်စားနေလိုက်သေးတယ်။

" ငါဘာသာ သူ့ကိုကြိုက်ကြိုက်မကြိုက်ကြိုက်မင်းနဲ့ဘာဆိုင်လဲ ကြီးမြတ်ပိုင်ချီ "

ကျွီ ဒုန်း

" ချီ "

ကား ကို ရုတ်တရက်ကြီး ဘရိတ်ဆောင့်အုပ်လိုက်တာမို့ ယဥ်နှောင်းလက်ပံ လန့်သွားရသည် ။

" အေး သတ္တိရှိရင် ခင်ဗျားကြိုက်ရဲ ကြိုက်ကြည့်လိုက်လေ ။ ခင်ဗျားနဲ့ ကျုပ်က ညားထားပြီးသား သူတွေ ။ ပြောရရင် ခင်ဗျားက ကျုပ်တစ်ယောက်ထဲရဲ့ ပိုင်ဆိုင်မှုပဲ ယဥ်နှောင်းလက်ပံ "

My Impressive HusbandWhere stories live. Discover now