Part-1

20.5K 719 6
                                    

[Unicode]

ဟွာကျင်းမြို့ ၊ ရှန့်လျန် အထက်တန်းကျောင်း,

" သူက ကျောင်းသားသစ်လား ။
အရင်က မမြင်ဖူးပါဘူး "

ဟောက်ရွှမ်းအမေးကြောင့် ဝမ်ချောင်
အတန်းတောင့်က အမှိုက်တောင်းနား
မျက်မှောင်တွေ ကျုံ့ကာထိုင်နေတဲ့
ကျောင်းသားသစ်ဆိုသူထံ အကြည့်ရောက်
သွားသည်။

" အေး ။ ငါလည်း မမြင်ဖူးဘူးဟ ၊
နှစ်ဝက်လောက်ကြီးမှ ပြောင်းလာရတယ်လို့"

အခန်းတစ်ခန်းမှာ ကျောင်းသား (၃၀) သာ
အများဆုံးရှိတာမို့လို့ မျက်နှာစိမ်းနဲ့
ကျောင်းသားသစ်ရောက်လျှင်တန်းသိ
ကြသည် ။

" မင်းတို့ သူ့ကို သတိထား ။ သူက ဆေးစွဲနေတာတဲ့ ။ ဒါကြောင့် ပေကျင်းကျောင်းတစ်ကျောင်း  က ကျောင်းထုတ်ခံရတာတဲ့ ။
မူးယစ်‌ဆေးဝါး အမှုနဲ့ ထောင်ထဲဝင်ခါနီးနီးဆိုပဲ ။
ဒါပေမဲ့ သူ့အဖေက ပိုက်ဆံ အရမ်းချမ်း
သာတာကြောင့် ကျောင်းပြောင်းရုံပဲဖြစ်သွားတာ။ အဲ့ဒါကြောင့် ငါတို့မြို့ကို ရောက်လာတာတဲ့။

ပြီးတော့တစ်ခုရှိသေးတယ် ။ သူက ‌မြောက်ပိုင်း
က အိမ်လေးလေ မင်းတို့သိပါတယ်ကွာ၊
မြို့အစွန်နားက ဝန်းအကျယ်ကြီးထဲက
ဆေးအနီရောင် သုတ်ထားတဲ့ တိုက်ပုကလေး
မှာနေတာတဲ့ "

ဟောက်ရွှမ်းက မေးစေ့ကို ဟန်ပါပါဖြင့်ပွတ်ရင်း

" အော် ရိပေါ် ကသရဲရှိတယ်ဆိုပြီး ငါတို့ကို
ခြောက်တဲ့ အိမ်လား? အဲ့ဒီအိမ်က ပေကျင်းက
သုဌေးကြီးတစ်ယောက် အိမ်မလား?"

" အေး။ အဲ့ဒီ သူဌေး ဉီးရှောင်းဝေ က ကျောင်း
သားသစ်ရဲ့ အဖေတဲ့ကွ"

သတင်းစုံတဲ့ ကျန်းချန်ရဲ့ စကားအဆုံး
ဟောက်ရွှမ်းနဲ့ ဝမ်ချောင် ခေါင်းတငြိမ့်ငြိမ့်
ဖြစ်သွားကြသည်။ ပေကျင်းက သူဌေးသားက
သူတို့ရဲ့ အိမ်ခြေ (၅) ထောင်သာရှိသည့်
မြို့ငယ်လေးကို ရောက်လာစရာအကြောင်းမှ
မရှိတာ ။ ကျန်းချန် စကားကြောင့် ရိပေါ်က
ဘာမှမပြောပေမဲ့ ကျောင်းသားသစ်ကို
လှမ်းကြည့်လိုက်သည် ။

ရှေ့ဆံပင်က တိုပေမဲ့ နောက်ဆံပင်က ပခုံးကို
တောင် လျှောကျသည်ထိရှည်၏ ၊ ထို့နောက်
တွန့်ချိုးထားတဲ့ မျက်ခုံးမွေး ထူထူနဲ့ ဝိုင်းသယောင်ထင်ရသည့် မျက်ဆန်တို့က အလိုမကျ
မှုကြောင့် ကျဉ်းမြောင်းနေပြီး တင်းတင်းစေ့
ထားတဲ့ နှုတ်ခမ်းပါးတစ်စုံ ၊ အထက်တန်း
ဒုတိယနှစ် လူပျိုပေါက်လေးမို့လို့ နှုတ်ခမ်းမွေး
ရဲရဲလေးတွေ၊ ရိပေါ်တို့လိုမဖွေးဘဲ ညိုသော
အသားအရည်နဲ့ အကုန်ခြုံငုံကြည့်ရင် လုံးဝ
ဆေးသမားရုပ်ကြီး ။ ကျွတ် ကျွတ် ငယ်ငယ်
ရွယ်ရွယ်နဲ့ သနားစရာ . . . . . ။

CHOICE ME (Completed)Where stories live. Discover now