[Unicode]
" ကျန့် ဘယ်လိုဖြစ်ပြီး. . . ?"
ရိပေါ်မယုံနိုင်လွန်းလို့ ပြန်မေးယူရသည်။
မနက်က ရိပေါ်နားမနေချင်လို့ ပြေးထွက်
သွားတဲ့ ကျန့်ကနေ့လယ် ရောက်တော့ရိပေါ်
ကို ပြန်လာခေါ်သည်တဲ့ ။ ဒီကောင်ရူးသွား
တာနေမယ် . . . ။အမြင်များမှားလေသလား?
" မင်း က အ ရူး ပဲ ! "
" ဟမ်? ဘာပြောလိုက်တာ ?"
တွန့်ချိုးနေတဲ့ မျက်ခုံးမွေး တွေဟာအလို
မကျမှုတွေ အထင်းသား ။
နှုတ်ခမ်းလေးလှုပ်ရုံမျှသာပြောလာသည့်
ကျန့် အသံက သိပ်မရှင်းဘူးဖြစ်တာကြောင့်
ရိပေါ် မှာ ပြန်မေးရသည် ။ သို့သော်
အဖြေပြန်မလာ ။ဒီကောင် အသံကျယ်ကြီး
ပြောရင် ဗိုက်ဆာသွားမှာမလို့တဲ့လား . . . ?ရိပေါ်အတွေးထဲကနေ ကျိန်ဆဲနေတုန်း
ကျန့်က ရုတ်တရက် ရိပေါ်ရှေ့တွင်
ဒူးတစ်ဖက်ပေါ်လက်တင်ပြီး ဒူးထောက်
ချလိုက်သည် ။" တတ် ! "
ရိပေါ် ဉီးနှောက်ကို အလုပ်ကောင်း
ကောင်းပေးလုပ်လိုက်ပြီးမှ ကျန့်ရဲ့
စကားကို သဘောပေါက်သည်။သဘောက သူ ရိပေါ်ကို ကျောပိုးမယ်ပေါ့ ။
ရိပေါ်ကျန့်ကို သိပ်မယုံရဲတာတော့ အမှန်။
ကျန့်က အရပ်ရှည်ပြီးတောင့်တာတော့
မှန်ပေမဲ့ ရိပေါ် လို ယောက်ျားလေးတစ်ယောက်
ကိုတော့ ဒီလိုတောင်တတ်တောင်ဆင်း
များတဲ့ နေရာမှာ ကျောပိုးနိုင်မှာ
မလိုတဲ့လား?ရိပေါ်တွေးနေတုန်းက သိပ်ပြီးစိတ်မရှည်
ဟန်ဖြင့် လှည့်ကြည့်လာတဲ့ ကျန့်ကြောင့်
ဘာမှစဉ်းစားမနေတော့ဘဲ ကျန့်ကျောပေါ်
တတ်လိုက်သည် ။သို့သော် ရိပေါ်ထင်တာမှားသွားသည်။
ကျန့်က ရိပေါ်ကို ကျောပိုးထားပေမဲ့
ပေါ့ပေါ့ပါးပါးပုံမှန်လမ်း လျှောက်သလို
ပင် ဟန်မပျက် သွားနေသည် ။ ဒီကောင်
စက်ရုပ်ကြီးလား? မလေးဘူးလား?" ကျန့် မင်းလေးတယ်ဆိုရင် ငါလမ်းလျှောက်
လို့ရတယ် "" . . . ."

VOUS LISEZ
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021