Part-29

5.1K 474 20
                                        

[Unicode]
29

" မား ကျွန်တော်တို့ ရောက်ပြီ "

အိမ်ကို လာမယ့်အကြောင်းကို ဖုန်းဆက်ပြောပြီးသားမလို့ မားတို့ အားလုံး သူပြန်ရောက်မယ့် အချိန်ထိ ဧည့်ခန်းမှာ ထိုင်ပြီး စောင့်နေကြသည် ။

" ပြန်ရောက်ပြီလား ? မားက သား မလာတော့ဘူးတောင်ထင်တာ ည (၁၀) နာရီတောင်ထိုးပြီလေ "

မားက ထိုင်နေရာမှ ထလာပြီး သူ့ဆီလာ၏ ။

" အယ် . . .ဒါနဲ့ သားက ? "

ကျန့်ကိုတွေ့တော့ မားက သိပ်မမှတ်မိချင် ၊
ဒီကောင် ဒီနှစ်တွေမှာ တော်တော်ပြောင်းလဲသွားတာကိုး ။ထို့ကြောင့် ရိပေါ်ကို ကြည့်ကာ အသံတိတ်မေး၏ ။

" ရှောင်းကျန့်လေ မား . . . မမှတ်မိတော့ဘူးလား ? "

" အာ သားရှောင်းလား ? အရွယ်ရောက်လာလိုက်တာ သားရယ် . . . ဒီနှစ်တွေမှာ လူကြီးဖြစ်လာပြီပဲ ။ ဝမ်ပါးရေ . . . ကြည့်ပါအုံး သားရှောင်းကို . .
လူကောင်ကြီးက တကယ်ကြီးလာတာပဲ ။ အရင်ကလို မဟုတ်တော့ဘူး "

မားက ရှောင်းကျန့် ရဲ့ ကိုယ်လုံးကြီးကို တစ်ပတ်လည်လှည့်ကြည့်ရင်း သူမ တကယ်အံ့သြနေကြောင်း ဝမ်ပါးကိုပါ ခေါ်ပြောနေသေးသည်။
ပါးကတော့ မတ်တတ်ရပ်ကာ ကျန့်ကို ပြုံးကြည့်လို့ ။

အခုတော့ပါပါးရော ကျန့်ကို အရင်ကလို မဟုတ်တော့ဘဲ လှိုက်လှိုက်လှဲလှဲ ကြိုဆို၏ ။

" မတွေ့တာကြာပြီ ရှောင်းသခင်လေး . . .
လွန်ခဲ့တဲ့ (၈) နှစ်က တွေ့ကတည်းက မတွေ့ဖြစ်ကြတော့ဘူးနော် ။ "

" ဟုတ်ကဲ့ "

အကိုကြီးက လည်း ရှောင်းကျန့် ကို လက်ဆွဲ နှုတ်ဆက်လာတာမလို့ အနှီလူသားက လက်ကို
ပြန်လည် ဆွဲကိုင်လိုက်သည် ။ သို့သော် အကိုကြီး ရှောင်းကျန့် ကို ကြည့်တဲ့ အကြည့်တွေက ကျန့်ကို အနည်းငယ် သိပ်မနှစ်မြို့ဟန်ပေါ်၏ ။

" ကျွန်တော် မိသားစုကြောင့် ဟွာကျင်းပြောင်းသွားတာမလို့ ပေကျင်းတောင် မရောက်ဖြစ်တော့ဘူး ။ ဒီအတောအတွင်း ရှောင်း သခင်ကြီးရော ကျန်းကျန်းမာမာ ရှိရဲ့လား ? "

CHOICE ME (Completed)Tempat cerita menjadi hidup. Temukan sekarang