Part-20

5.7K 514 20
                                        

[Unicode]

ဒေါက် ! ဒေါက် ! ဒေါက် !

အိမ်‌ရှေ့က တံခါးခေါက်သံတွေကြောင့် ရှောင်းကျန့် မျက်လုံးလေးပွတ်ကာ ဆံပင်ထိုးထိုးထောင်ထောင်ဖြင့် နိုးလာသည် ။

စားပွဲပေါ်က နာရီကို ကြည့်လိုက်တော့ မနက်
၅ နာရီသာရှိသေးသည် ။ ဒီချိန် ဘယ်သူကြီးလဲ ?

အိမ်ရှေ့မှာ ဘယ်သူဖြစ်နိုင်လဲ ?
အိမ်အကူအဒေါ်ကြီးလည်း မဖြစ်နိုင်ဘူး ။
အဲ့အဒေါ်ကြီးက တနင်္ဂနွေ နေ့မှလာတာ ။
ဝမ်ရိပေါ် သူငယ်ချင်းတွေလား ?
မဖြစ်နိုင်ဘူး ၊ ဝမ်ရိပေါ် သူငယ်ချင်းတွေက အိမ်ထဲမရောက်ခင် ခြံထဲမှာ ပတ်ချာလည် နေအောင် လမ်းပျောက်တတ်ကြလွန်းလို့ သူတို့အိမ်ကိုလည်း မလာဖူးပါဘူး ။ ဒါဆို ဘယ်သူလဲ ?

အတွေးများစွာဖြင့် အိပ်ခန်းထဲမှထွက်ကာ
တံခါးမကြီးကိုဖွင့်လိုက်တော့ မြင်လိုက်ရတဲ့လူကြောင့် စောစောစီးစီး ဒေါသက ငယ်ထိပ်ကိုဆောင့်တတ်သွားသည်။

" ခင်ဗျား ဘာလာလုပ်တာလဲ ? !! "

သူ Daddy ရဲ့ လူယုံတွေကို တကယ်မကြိုက်ဘူး !

" အာ အနှောက်ယှက်ပေးမိပြီ ။
ကျွန်တော် သခင်လေးနဲ့ သေချာပေါက် ပြောရ
မဲ့ စကားရှိနေလို့ပါ "

ထိုလူရွယ်က သူ့ကို ရိုကျိုးစွာပြောနေပေမဲ့ ရှောင်းသခင်လေးကတော့ မျက်မှောင်ကုတ် ထားဆဲ ။ ထို့ကြောင့် မနေသာတော့တဲ့ ထိုလူရွယ်က
ပြန်တောင်းပန်ရသည်။

" ကျွန်တော် ပြောမြှဖစ်တဲ့ ကိစ္စမလို့ပါ သခင်လေး ! "

" အပြင်မှာ ပြောကြတာပေါ့ ! "

အိမ်ထဲကိုလှည့်လှည့်ကြည့်နေတဲ့ ထိုသူကြောင့် ရှောင်းကျန့် တံခါးကို ကျိန်းခနဲနေအောင် ဆောင့်ပိတ်လိုက်သည်။ ထို့နောက် ဥယျာဉ်ထဲကိုခေါ်လာခဲ့သည် ။

" ပြော ! "

ထိုလူရွယ်က တံတွေးတွေကို ကလုမြည်အောင် မြိုချပြီး စကားပြောဖို့ကို အားမွေးလိုက်သည် ။
ထိုသို့မလုပ်၍လည်းမဖြစ် ၊ ပေကျင်းမှာလို
ဆောင့်ထိုးခံရရင် ဘယ်လိုလုပ်မလဲ ? ။ ပေကျင်းမှာတုန်းက သခင်ကြီးကို သတင်းပေးလို့ဆိုပြီး သူ့ကို မူးမူးနဲ့ ထိုးတာ ၊ တစ်ပတ်လုံးလုံး ထမင်းတောင် သိပ်မစားနိုင်ပဲ ဆန်ပြုတ် ချည်းသောက်ခဲ့ရတဲ့ ရက်တွေကို တစ်သက်လုံး မေ့မည်မဟုတ် ။

CHOICE ME (Completed)Where stories live. Discover now