Part-10

5.8K 501 1
                                        

[Unicode]၁၀

" ပေါ်ကြီး ကျောင်းမှာတုန်းက
မင်းဘာဖြစ်တာလဲ ?"

" အေးလေ . . .မင်း ဘောလုံးတောင် တစ်ခါပဲ
ရတာ မဟုတ်လား? "

" ရာဇဝင်ရိုင်းလိုက်တာ ပေါ်ကြီးရာ !
မင်းနဲ့ကို မတူဘူး "

မုန့်တွေ တကျွတ်ကျွတ်ဝါးရင်း ရိပေါ်ကို
အားမလိုအားမရဖြစ် နေကြတဲ့ ဟောက်ရွှမ်း
နဲ့ ဝမ်ချောင်ကို ခေါင်းသား ခါပြလိုက်သည်။

ဒါက သူတို့ မသိလည်း ဖြစ်တယ် . . . ။

" ကျန်းချန် ရော ? "

" သူ့ စော်နဲ့ သွားတွေ့တာနေမှာ ၊
မနက်ကတောင် သူ့မှာ စော်နဲ့တွေ့ရမှာကို
ကြွားလို့မပြီးနိုင်ဘူး ! "

" အင်း !! သူ တကယ် ဝမ့်ချင်းလေးကို ချစ်တာထင်တယ် နော် "

" အင်းပေါ့ ။ ဒီလောက်ထိ ဖြစ်နေတာ "

ကျောင်းအပြန်လမ်းမှာ
ဟောက်ရွှမ်း နဲ့ ဝမ်ချောင် တစ်ယောက်နဲ့
တစ်ယောက်ပြောတာကို ငြိမ်ငြိမ်လေး
နားထောင် ရင်းသာ ရိပေါ်လိုက်လာသည် ။

ရိပေါ်တို့ ကျောင်းကိုသွားသည့်လမ်းက
မြေနီလမ်းကလေးဖြစ်ပြီး ကျောင်းကို
သွားသည့် လမ်းတလျှောက် နှစ်ကြီး
ထင်းရှူးပင်တွေ တန်းစီပြီး ရှိသည် ။
ကျောင်းက တခြားကျောင်းတွေမှာလို
မြို့အတွင်းပိုင်းတွင် မဟုတ်ဘဲ
အနောက်ဘက်  မြို့ပြင်တွင်ရှိသည်ကြောင့်
လေကောင်းလေသန့် ကောင်းစွာရကာ
အေးချမ်းသည် ။

ထို့ကြောင့် ရိပေါ် တို့လေညင်းခံ ရင်း
ဖြည်းဖြည်းချင်းလမ်းလျှောက်လာကြသည်။
ကျောင်းတတ်စတုန်းက စက်ဘီးစီးကြပေမဲ့
အခုတော့ စက်ဘီးစီးရတာထက် ခြေလျင်
လမ်းလျှောက်ပြီး ကျောင်းသွားရတာကို
ရိပေါ်တို့ပိုကြိုက်လာကြသည် ။

" ငါတို့ သွားပြီနော် ပေါ်ကြီး ! "

" အေး ! "

ဟောက်ရွှမ်း နဲ့ ဝမ်ချောင် နေတဲ့
လမ်းက တစ်လမ်းတည်းမို့ ရိပေါ်ကို နှုတ်ဆက်
ကာ သွားကြလေပြီ ။ ဒါကြောင့် သူလည်း
တစ်ယောက်တည်း ဖြည်းဖြည်း မှန်မှန်
လေး လမ်းလျှောက်လာခဲ့သည် ။

CHOICE ME (Completed)Opowieści tętniące życiem. Odkryj je teraz