Part-3

6.5K 594 11
                                        

[Unicode]

မနက် (၉)နာရီထိုးသည်နှင့်  ရှန့်လျန်ကျောင်း
ကလေးမှာ နှင်းတြွေမူတွေကြား လှုပ်လှုပ်
ရှားရှား ပြန်လည်အသက်ဝင်လာပြီဖြစ်သည်။
ဆောင်းရာသီမို့လို့ နှင်းတွေအရမ်းထူထဲနေပြီး
ကျနေတာတွေကြောင့် ကျောင်းသားများမှာ
ထီးဆောင်းတဲ့သူကဆောင်း ၊ ကျောင်းထဲကို
သုတ်သုတ်ကလေးပြေးလာတဲ့သူတွေက
ပြေးလာ ၊ စသဖြင့် အသက်ဝင်ကာ လှပလွန်းတဲ့
ဆောင်းမနက်ခင်းလေးမှာ ကျန်တဲ့လူတွေနဲ့
မတူဘဲ ဘာဆောင်းစရာမှတောင်မပါသည့်တိုင်
ခြေလှမ်းမှန်မှန်ဖြင့်သာ လမ်းလျှောက်လာသည့်
လူငယ်လေးတစ်ဉီးကို တွေ့ရမည်ဖြစ်သည်။

အနွေးထည်ထူထူမဝတ်ဘဲ ကျောင်းဝတ်စုံ
ဖြစ်သည့် ကုတ် အင်္ကျီတစ်ထည်ကိုသာ
အနွေးထည်အဖြစ်ဝတ်ထားသည့် ထိုလူငယ်
လေး၏ မျက်နှာမှာ ခံစားမှုမဲ့၏ ။
အပြင်မှာ ကျနေတဲ့ နှင်းတွေထက် အေးစက်၏။
ထိုလူငယ်လေးကို မြင်ရသူတွေထဲမှာမှ
တစ်ချို့တွေက ရူးနေသလားဟု မှတ်ချက်
ပြုသွားကြသည်။ သို့သော် ထိုလူငယ်လေး
ဟာ မည်သည့်အရာကိုမှ ဂရုမစိုက်တာလား၊
ဒါမှမဟုတ် သူ့အတွေးတွေဟာ လောကကြီး
နဲ့များ အဆက်သွယ်ပြတ်နေခဲ့သလား ၊
ရှေ့ကိုသာကြည့်ပြီး  အေးဆေးစွာသွားနေ
သည်။

" မင်းပြောကြည့် ၊ သူက အရမ်းထူးဆန်းတာပဲ ။
ဘာမှမခံစားတတ်တဲ့ စက်ရုပ်ဖြစ်နေရင်
ဘယ်လိုလုပ်မလဲ၊ သူ့ကို ကြည့်ပြီးပိုပိုချမ်း
လာသလိုပဲ "

ဟောက်ရွှမ်းက ပြတင်းပေါက် ဘက်ကို
ကြည့်ရင်း သူ့မြင်ကွင်းထဲ ကျောင်းသားသစ်
ရောက်လာတဲ့အခါကြက်သီးထသလိုလို မကြေမချမ်း ရေရွတ်သည်။
ဝမ်ချောင်ရယ် ရိပေါ်ရယ် ကျန်းချန်တို့ရယ်
ကျတော့ အေးတိအေးစက်နဲ့ ကျောင်းဝန်းထဲ
ဝင်လာသည့် ထိုကျောင်းသားကိုသာ
အေးဆေးစွာ အကဲခတ် နေကြသည်။

ကျောင်းစတတ်တဲ့နေ့ကတည်းက ဘယ်သူနဲ့မှ
စကားမပြော ၊ စာဆိုလည်းတစ်လုံးမှလိုက်မရေး၊
စာမေးပွဲတွေစစ်မှသာ ဝင်ဖြေလိုက်ရှိသည်။
အခုထိလည်း ကျောင်းသားသစ်နာမည်ကို
ရိပေါ်တို့ မသိရသေး ၊ သူဌေးကြီး ဉီးရှောင်းဝေ
ရဲ့ သားဆိုတော့ နာမည်မှာ ရှောင်းပါမည်ကိုတော့
ရိပေါ်တို့သိသည်။ အတန်းထဲဝင်ထိုင်တာတောင်
ဆရာမတွေက သူ့ကိုအဖက်မလုပ်သလို
သူကလည်း မည်သူကိုမျှအဖက်မလုပ်။
နေ့လည်စာလည်းထည့်မလာ ၊ ကျောင်းလာရင်
လည်း ကျောင်းဝတ်စုံတစ်ထည်သာဝတ်လာပြီး
အေးလို့အေးမှန်းမသိ ၊ ရူးများရူးနေသလား?

CHOICE ME (Completed)Tempat cerita menjadi hidup. Temukan sekarang