Part -12

5.3K 509 4
                                        

[Unicode]

" နောက် အပတ် ဆို စာမေးပွဲကြီး စပြီနော်  !!
စာတွေကို ဂရုတစိုက်လုပ်ကြတော့ !!"

လော်စပီကာထက် ကျယ်သောအသံဖြင့်
အတန်းပိုင်ဆရာမဟာ C တန်းကကျောင်း
သားတွေကို ဆော်သြ  နေလေတယ် ။

"""""ဟုတ်ကဲ့"""""

" ဟိုကောင်တွေ ကျန်းချန် ၊ ဝမ်ရိပေါ် ၊ ဝမ်ဟောက်ရွှမ်း ၊ ဝမ်ချောင် ။ မင်းတို့လေးယောက်
သေချာလုပ်နော် ၊ ကျခါမှ ကူပါကယ်ပါ
လာမလုပ်နဲ့ "

ဆရာမ၏ စကားအဆုံး ဝမ်ရိပေါ်တို့ တစ်သိုက်
နှုတ်ခမ်းတွေ မဲ့ရွဲ့ကုန်ကျသည်။
သူတို့စာမရတာမှန်ပေမဲ့ ဆရာမက အတန်း
ရှေ့မှာ ဒီလိုတော့ မလုပ်သင့်ဘူး ။
ဒါသက်သက် အရှက်ခွဲတာ . . . ။

သူတို့ရဲ့ ရှုံ့မဲ့ နေတဲ့ မျက်နှာကြီးကို
ဆရာမက ပြုံးပြုံးကြီး ကြည့်ရင်း
အတန်းထဲက ထွက်သွားလေပြီ ။
ဒါပြောတာ ၊ သက်သက်မဲ့ အရှက်ခွဲတာပါဆို . . ။

" ငါတို့ ဒီစာမေးပွဲပြီးရင် အထက်တန်း
နောက်ဆုံးနှစ်တောင် ရောက် တော့မှာဟ "

" အားး ကြိုက်တယ် ကြိုက်တယ် ။
နောက်ထပ် (၁) နှစ်ပြီးရင် ငါတို့ uni ရောက်ပြီကွ"

အကျောလေးဆန့်ရင်း တပြုံးပြုံးနဲ့
ပြောလာတဲ့ ကျန်းချန်ကို ဝမ်ချောင်
မျက်စောင်းထိုး လိုက်သည် ။

အမယ် မသိရင် အထက်တန်းကို သေချာ
ပေါက်အောင်မဲ့ ပုံနဲ့ ပြောနေတာ အမောင်ကျန်းချန် တို့က ။

" အထက်တန်းကို အောင် အောင် အရင်လုပ်
ကျန်းကြီးရာ . . . "

ဝမ်ချောင်ရဲ့ မကျေမချမ်းရွတ်သံ အဆုံး
ကျန်းချန်ရဲ့ သံလက်သီးက ဝမ်ချောင်
ရဲ့ ကျောကုန်း ပေါ် အုံးခနဲ ရောက်လာ၏ ။

" မင်း ပါးစပ် ပုတ်ကြီးကို သွားပလုတ်ကျင်းချေ
ငလူးကောင် !! "

ဒါကို ဟောက်ရွှမ်းကလည်း ကျန်းချန် ကို
ဖဲ့ဖို့မမေ့ ။

" အမှန်းတရာဟာ တွေးထားသလောက်ထက်
ခါးတယ် အမေရယ် . . . "

" ဟေ့ကောင် ငရွှမ်း !! "

" ဘာလဲ ? ဘာလဲ ? ငါက သီချင်းဆိုတာ "

CHOICE ME (Completed)Onde histórias criam vida. Descubra agora