[Unicode]
" ဇိမ်ကျနေတယ် "
" အင်း . . . "
သူ ပါးသိုင်းမွေးတွေရိုက်ပေးနေတုန်း မျက်လုံးတွေ မှိတ်ပြီး ဇိမ်ကျနေတဲ့ ကျန့်ပါလေ ။ သို့သော် သူ့ခါးကိုလည်း အလွတ်မပေး ၊ လက်မောင်းကြီးတြွေဖင့် ဖက်ထားမြဲဖက်ထားဆဲ ။ ပြန်တွေကြပြီးနောက်ပိုင်း ဒီကောင်တော်တော်အသားယူတတ်လာတယ်။
" ပြီးပြီ "
ပဝါကလေးဖြင့် သေချာလေးသုတ်ပေးလိုက်တော့ ရင်ခွင်ထဲအတင်းတိုးဝင်လာလေရဲ့ ။
" အဟား ဘယ်တုန်းကဒီလို ချွဲတတ်သွားတာလဲ ? "
" အရမ်းလွမ်းနေခဲ့တာ "
ဆွေးရိပ်သန်းနေသည့် အသံသဲ့သဲ့ကလေးကြောင့် ဆံပင်လေးတွေကို ဖွပေးရင်း ရင်ခွင်ထဲ ခေါင်းလေးကို ပိုမိုနစ်ဝင်စေလိုက်သည်။
" မနက်ဖြန် ဟွာကျင်းသွားရအောင် ။ သဘက်ခါဆို ကျန်းချန် မင်္ဂလာပွဲရှိတယ် ။ "
" သူတို့က လက်တောင် ထပ်ကြတော့မှာလား ? "
" သူတို့တွဲနေကြမှန်း သိတယ်ပေါ့ "
" အင်း ။ မင်းတို့ ဝမ့်ချင်း အိမ်ရှေ့ ညညဆို သီချင်း လာဆိုကြတယ်လေ ။ အရိုက်တောင်ခံလိုက်ရသေးတယ်မဟုတ်လား ? "
အရိုက်ခံခဲ့ရတာကိုမှ မိမိရရပြောတဲ့ ဒီကောင့်ကျောကုန်းကို အုန်းခနဲချလိုက်သည်။ ဒါတောင် စပ်ဖြဲဖြဲနဲ့ ရီလို့ကောင်းတုံး ဒီကောင်က ။
" ငါ အရိုက်ခံရတာကျ မှတ်မိတယ် ။ ငါ သူတို့ကို ရိုက်တာကျ မမှတ်မိဘူးပေါ့ "
ရှေ့ကျနေတဲ့ ဆံပင်ရှည်ရှည်တွေကို လှန်တင်ပေးရင်း မေးတော့ ပြန်မဖြေပဲ လည်ပင်းကနေ ငုံ့စေကာ နှုတ်ခမ်းတွေကို ထိကပ်စေပြီး အသားယူ၏ ။
" ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ ? "
မျက်မှောင်အနည်းငယ်ကုတ်ကာ စိတ်ဆိုးဟန်ပြလိုက်တော့ မျက်နှာလွှဲကာ နှုတ်ခမ်းထော်၏။
" အိမ်သား အချင်းချင်း ခွင့်ပြုချက်တောင်းစရာမလိုဘူးတဲ့ ! "
ရုပ်တည်ကြီးနဲ့ ဖြေတာလေးက ဖျစ်ညစ်ချင်စရာ။
" ဘယ်သူပြောလဲအဲ့လို ? "

BINABASA MO ANG
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021