[Unicode]
* ဆန့်ကျင်ဘက် ဒါမှမဟုတ် မျဉ်းပြိုင် *
အနာဂတ်ထိ ခေါ်သွားပြီး တသသငေးချင်ခဲ့တဲ့
တစ်ခုတည်းသော အကြည်ဓာတ်ကလေးမို့ မျဉ်းပြိုင်လို့ ခေါ်ချင်တယ် . . . ။______________________________________
" ကျောင်းပိတ်ရင် ပေကျင်းပြန်မှာ လား ? "
အိမ်ရှေ့ခုံလေးမှာထိုင်ပြီး စာအုပ်ဖတ်နေတဲ့ ရှောင်းကျန့် ၊ ခပ်လှမ်းလှမ်းကလာတဲ့ အသံသဲ့သဲ့ကလေးကြောင့် သူ့အာရုံ
တွေဟာ စာအုပ်ထဲမှ ခုန်ထွက်လာတယ် . . . ။ထောပတ်ပင်စိုက်နေတဲ့ ဝမ်ရိပေါ် ဆီ သူ့အကြည့်တွေပို့လိုက်သည် ။ ဘာမှမဟုတ်သလို အပင်စိုက်ရင်းမေးလာတာမလို့ သူစိတ်အေးသွားရသည်။
" အင်း . . !
ပြန်လာမှာ . . "မမေးသော်လည်း ပြန်လာမဲ့ အကြောင်း
သူ ထည့်ဖြေလိုက်တယ် . . ။" ဒီမှာ လာတတ်အုံးမှာလား ?
အထက်တန်းနောက်ဆုံးနှစ်ကို "ရှောင်းကျန့် လိုသခင်လေးက ဒီနှစ် ဒီမှာလာတတ်တာတောင် ပြဿနာတစ်ခုကြောင့် ။
အခုလို ပြန်လာမယ်ဆိုတော့ သူအတွေးများသွားသည် ။" မသိသေးဘူး ! "
" ဒါများ ပြန်လာမယ်ပြောနေသေးတယ် "
မျက်လုံးဝိုင်းဝိုင်းကလေးတြွေဖင့် အံ့သြတကြီးမေးလာပေမဲ့ သူ့အဖြေကိုကြားရတော့ အလိုမကျဟန်ပြောလာသည့်ဝမ်ရိပေါ် ကို ရှောင်းကျန့် အကြည့်လွဲကာခိုးပြုံးတယ် . . ။ အပြုံးအရီတွေဟာ သူနဲ့ မဆိုင်သလို ဖြစ်ခဲ့တာ ကြာပြီမို့ တစ်ခါပြုံးတိုင်းကိုယ့်ကိုကိုယ် အထူးအဆန်း ဖြစ်ရသည်။
" ဗိုက်ဆာပြီ ! "
" အင်း ! ဒီနေ့တော့ အကောင်းဆုံးချက်ထားတယ် ။ မင်းကြိုက်တဲ့ ထောပတ်သီးနှပ်ကော "
မနက်ဖြန်ဆို သူတို့ စာမေးပွဲဖြေပြီးပြီမို့
ရှောင်းကျန့် ကို သူက သေချာချက်ကျွေးချင်တယ် ။ ထို့ကြောင့် အိမ်ပြန်တုန်း မေမေသင်ပေးလိုက်တဲ့ ဟင်းချက်နည်းတြွေဖင့် သူချက်ထားတာမို့ သူ့ရဲ့ ပထမဆုံးလက်ရာကို ရှောင်းကျန့်အား ကျွေးချင်သည် ။
YOU ARE READING
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021