Part-37

4K 388 4
                                    

[Unicode]

" ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေ . . သတို့သားရှောင်းကျန့်နဲ့
အေးတူပူအမျှ အတူတကွရင်ဆိုင် ပေါင်းသင်းဖို့
သဘောတူပါသလား သတို့သား ဝမ်ရိပေါ် "

ဖာသာ၏ အမေးအဆုံး ဘေးနားက ရှောင်းကျန့် အား လှည့်ကာ မော့ကြည့်လာတဲ့ ဝမ်ရိပေါ်၏
မျက်လုံးတွေဟာ နေ့ခင်းဘက် ကြယ်ကလေးကို မြင်တွေ့ရသည့်နှယ် အရောင် တလက်လက် ။

" ဟုတ်ကဲ့ ။ သဘောတူပါတယ် "

" သတို့သား ရှောင်းကျန့် . . .
ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ . . .
သတို့သားဝမ်ရိပေါ်နဲ့ အေးတူပူအမျှ အတူတကွ
ရင်ဆိုင် ပေါင်းသင်းဖို့ သဘောတူပါသလား ? "

တစ်စုံတစ်ယောက်ရဲ့ ဆုတောင်းတွေဟာ ပြည့်ခဲ့တယ် . . . ။ ရှောင်းအိမ်သူဟာ အိပ်မက်လှလှလေးမက်နေခဲ့ပါသတဲ့ ။

အဖြေစကားမလာခင် လေးမှာတင်ပဲ
နွေဉီးမနက်ခင်းရဲ့ နေရောင်နွေးနွေးက မျက်နှာနုနုပေါ် ပြတင်းပေါက်မှတစ်ဆင့် ဖြာထွက်လာတဲ့အခါ မွေ့ယာ ထက်က ရှောင်းအိမ်သူလေးရဲ့ မျက်ခွံလှလှလေးတွေဟာလည်း လှုပ်လှုပ် လှုပ်လှုပ် ။

နေရောင်ကြောင့် အိပ်မက်လှလှလေးဖျက်ဆီးခံလိုက်ရသည့်နှယ် မနိုးချင်ဘဲ နိုးလာရတဲ့
ရှောင်းအိမ်သူလေးရဲ့မျက်နှာနုနုဟာ အလိုမကျမှုတွေနဲ့ အမျက်တော်တွေ အချိုးကျ ရောစပ်ထားလေရာ မှုန်ကုပ်ကုပ် ။

" ဘာလို့ မြန်မြန်နိုးလာရတာလဲ ? "

ခန္ဓာကိုယ်တစ်ခုလုံး လွှမ်းမိုးထားတဲ့ နေရောင်
ဖြာထွက်လာရာ နေလုံးကြီးအား မျက်စောင်းမမည်မျက်စောင်းထိုးလိုက်၏ ။

အကုန်မင်းကြောင့် !

နာရီကြည့်ဖို့ ဖုန်းကိုဖွင့်ကြည့်လိုက်ရင်း
ညက သူနဲ့ ကျန့် စကားပြောခဲ့ကြသည်ကို အမှတ်ရသွားသည် ။

မောင် . . . တဲ့ ။ ပြီးတော့ အချစ်တဲ့ ။
ကျန့် မနေ့ညက ဘာဖြစ်တာလဲ ? မူးနေတာများလား ? အဲ့တာက သူမမြင်နိုင်တဲ့ ကျန့်ရဲ့တစ်ဖက်ခြမ်းလား . . . ?

အတွေးများစွာဖြင့် စောင်ပုံထဲမှထွက်ကာ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည် ။ တစ်ကိုယ်လုံး သေချာသန့်ရှင်းပြီး ပြန်ထွက်လာတော့
မေမေက သူဒီတိုင်းထားခဲ့တဲ့ စောင်တွေကို သပ်သပ်ရပ်ရပ်ပြန်သပ်ချနေသည် ။

CHOICE ME (Completed)Tempat cerita menjadi hidup. Temukan sekarang