[Unicode]
" ကောင်းကျဲ ကျွန်တော့်အတွက် ထမင်းဗူး
ကို နှစ်ယောက်စာ ထည့်ပေးနော် ! "" သား ရှောင်းကျန့် အတွက်လား ? "
မားက ထမင်းစားပွဲ ရှေ့ဝင်ထိုင်ရင်း မေး၏။
" ဟုတ်မား ! "
" အေးကွယ် . . . မိဘတွေ မပါဘဲ တစ်ယောက်
တည်း ဒီမှာ လာနေရတော့ ဒုက္ခရောက်မှာပဲ !
သမီးကောင်း များများထည့်ပေးလိုက် ။
သားရှောင်းကျန့် ဘာကြိုက်လဲ သေချာမေး
လာခဲ့နော် သားငယ် ! "မားက မနက်စာစားရင်း ကောင်းကျဲကို တစ်လှည့် ၊ သူ့ကို တလှည့်ကြည့်ကာ ပြောသည်။
ပါးကတော့ မနက်စာကို သာခပ်သွက်သွက်
စားနေသည် ။ကောင်းကျဲက ရိပေါ် တို့ အိမ်မှာ ရိပေါ်ငယ်ငယ်
ကတည်းက အလုပ်လာလုပ်တဲ့ အလုပ်သမား
ဖြစ်သည် ။ ရိပေါ်တို့ ဝမ်အိမ်က ဒိတ်ဒိတ်ကြဲ
လူချမ်းသာတွေ မဟုတ်ပေမဲ့ အကုန် ပညာ
တတ် မိသားစုမို့ အရှိန်ဝါက မသေးလှ ။
ထို့ကြောင့် မားကလည်း သူ့အလုပ်နဲ့သူမို့လို့
မိသားစု ရဲ့ ဝေယျာဝစ္စ တွေကို တစ်ယောက်
တည်း တာဝန်မယူနိုင်တော့ ကောင်းကျဲ
ကို ခေါ်ခဲ့ကြခြင်းပင် ။" သွားတော့မယ် မား ! "
" အေးအေး . . . သားကျန့်ကိုလည်း အိမ်
ခေါ်လာအုံး ၊ မား အဲ့ကလေးကို ထမင်း
ချက်ကျွေးချင်လို့ ၊ အိမ်ထမင်းရော
စားဖြစ်မှာ မဟုတ်ဘူး ! "" ဟုတ်ကဲ့ဗျ "
သွားခါနီး ဖိနပ်စီးနေတုန်း မားရဲ့ စကားကြောင့်
ဝမ်ရိပေါ်မှာ ပြုံးလို့ အိမ်က ထွက်လာခဲ့သည်။သူတို့အိမ်လမ်းကြားထဲက ထွက်လာတော့
ကျောင်းဝတ်စုံလေးကို သပ်သပ်ရပ်ရပ်
ဝတ်ပြီး ရပ်နေသည့် ရှောင်းကျန့် ကို တွေ့ရတာမို့
ရိပေါ်မှာ မျက်လုံးတွေအဝိုင်းသား ။ရှောင်းကျန့် က သူတို့ အိမ်နားထိ သူ့ကို
လာကြိုတာလား . . .?သူရောက်နေပြီဖြစ်တာကို ရှောင်းကျန့် က
မြင်တော့ မျက်နှာသေကြီးဖြင့် ကြည့်သည် ။
ထို့နောက် နောက်လှည့်ကာ ကျောင်းသွားဖို့
ပြင်သည်။

ESTÁS LEYENDO
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021