Final

8.2K 480 14
                                        

[Unicode]

" ဆိုတော့ ဆိုတော့ခါ မောင်က တကယ်ကြီး
ပြန်ရောက်လာတာပေါ့နော် "

ခြံထဲကနေ အိမ်ထဲဝင်တဲ့ အထိ သူပွေ့ချီတဲ့
အတိုင်း ငြိမ်ငြိမ်လေးပါလာတဲ့ အချစ်က
ကုတင်ပေါ် ချပေးလိုက်မှ အသိစိတ်ကပ်လာပုံ
လှုပ်လှုပ်ရှားရှားဖြစ်သွားကာ  စိတ်လှုပ်ရှားစွာမေးလာ၏ ။

" မဖြေနဲ့ အုံး ! "

ဖြေဖို့လုပ်တော့ ဟန့်တားလာတဲ့ အချစ်က
သူ ပြန်ရောက်လာတာကို မယုံနိုင်သေးပုံ ။
တကယ်လည်း သူ့အခြေနေက  ယုံချင်စရာ
ကောင်းမနေခဲ့တာမို့ သူ့ မျက်နှာကို ကိုင်ကာ
မျက်လုံးပြူးပြူးလေးနဲ့ ကြည့်နေတဲ့ အချစ်ကို
မြတ်နိုးမဝစွာငေးတယ်။

" တကယ်ကြီး ပြန်ရောက်လာတာပဲ . . .
တကယ်ကြီး တကယ်ကြီး မောင် ပြန်ရောက်လာတာ "

"  မောင် အချစ်ကို အရမ်းအကြာကြီးတစ်ယောက်တည်း ထားခဲ့မိလို့ တောင်းပန်ပါတယ် "

အချစ်က ခေါင်းခါပြီး ပြုံးတယ် ။

" ငါ ကြောက်တယ် မောင် . . .
မင်း ပြန်လာတာက အိပ်မက်ဖြစ်နေမှာကို
ငါ အရမ်းကြောက်တယ် ။ "

" အချစ် "

" ဟင့်အင်း မောင်မပြောနဲ့ "

" . . . . . "

" ငါ ဒီ နှစ်တွေမှာ အိပ်မက်တွေ အများကြီး
မက်တယ် မောင် ။ မင်း ငါ့ဆီ ပြန်လာတယ်တဲ့ ။
ငါတို့ နှစ်ယောက် အရမ်းပျော်နေခဲ့ကြတယ်။
ဒါပေမဲ့  . . . ဒါပေမဲ့လေ ဒါတွေက ငါနိုးလာတော့
အိပ်မက်တွေ ဖြစ်နေခဲ့တာ ။ အခုလည်း အခုလည်း အိပ်မက်သာဆို  . . . "

" အချစ် . . . မောင့်ကို ကြည့် !
မောင့် မျက်လုံးကိုကြည့် ! "

ပြောရင်းပြောရင်း အသံတွေတုန်ကာ
မျက်ရည်တွေ ကျလာပြီး အသိစိတ်လွတ်နေသူ
ပမာ ဖြစ်လာတဲ့ အချစ်ကြောင့် သူ့မှာရင်
နာရတယ် ။

ဒီနှစ်တွေ အတွင်းမှာ အချစ်ကို စိတ်ဒဏ်ရာတွေ
အများကြီး ပေးခဲ့ပြီ ဆိုတဲ့ အသိက သူ့ရင်
ဘတ်တွေ စုတ်ပြတ်သတ်ဖို့ လုံလောက်တယ်။

" အခုချိန်ကစပြီး အချစ်တစ်ယောက်တည်း
မဟုတ်တော့ဘူး ။ အချစ်အနားကို မောင်ရောက်
လာပြီလေ ။ နောက်ပြီး ဒါက အိပ်မက်မဟုတ်တော့ဘူး ။ "

CHOICE ME (Completed)Where stories live. Discover now