[Unicode]
အသက် (၁၇) အရွယ် ရှောင်းကျန့် ဟာ သား လိမ္မာကလေး ၊ ကျောင်းမှာဆိုလျှင်လည်း စာအတော်ဆုံး စံပြကျောင်းသား ၊ အိမ်အကူတွေအတွက် နွေးထွေးလွန်းတဲ့ သခင်လေး ဖြစ်သလို
နေမကောင်းဖြစ်နေတဲ့ မိခင်အတွက်လည်း နောက်ဆံတင်းရာ ကလေးဖြစ်နေခဲ့တယ် ။ဖြူစင်လွန်းတဲ့ကလေးငယ် ၊ လိမ္မာရေးခြားရှိ ပြီးနေမကောင်းဖြစ်နေတဲ့ သူမအပေါ်သိတတ်လွန်းကလေးငယ် ၊ ဒီကလေးငယ်သာ သူ့အဖေ ဘာတွေလုပ်နေသလဲ သိသွားခဲ့လျှင် ဆိုတဲ့ အတွေးတွေက သူမကို နှိပ်စက် တယ် ။
" သား လိမ်လိမ်မာမာနေနော် ၊ သား Daddyလို မဖြစ်စေနဲ့ "
မိခင်ထံမှ ပထမဆုံးအကြိမ် Daddyလို မဖြစ်စေရန် ဆုံးမလာတဲ့အခါ ရှောင်းကျန့်လေးဟာ ဘာဖြစ်လို့လဲ ဆိုတဲ့ သိချင်စိတ်တွေတိုးလာရတယ် ။
ငယ်ငယ်ကတည်းက 'သားDaddyလို တော်အောင် ကြိုးစားနော် ' ဆိုပြီး ခနခန ပြောတတ်တဲ့ မားဟာ Daddyကို ဒီတစ်ကြိမ်တော့ အကြီးအကျယ်စိတ်ဆိုးသွားပြီထင်တယ် ။
မားဟာ နေမကောင်းဖြစ်တဲ့ အချိန်ကစပြီး Daddy ကို အတွေ့မခံတော့ဘူး ။ မား နေမကောင်းတာ Daddy, နဲ့ ဆိုင်နေမလား ?" မား Daddy ကို စိတ်ဆိုးနေတာလားဟင် ? "
" မဟုတ်ဘူး ။ စိတ်ပျက်သွားတာ ။
အချိန်တန်ရင် မား ဘာလို့ ဒီလိုပြောသလဲဆိုတာ နားလည်လာလိမ့်မယ် "စကား အများကြီးမပြောနိုင်တော့တဲ့ မားက ခနကြာတော့ အိပ်ပျော်သွားပြီထင်တယ် ။ စောင်သေချာခြုံပေးလိုက်ပြီး ညစာစားရန် အောက်သို့ ဆင်းရန်ပြင်ရသည်။
" ပစ္စည်းတွေ မရောက်ဘူးတဲ့ ။ ဘာဖြစ်တာလဲ !!? "
Daddy ရဲ့ စာဖတ်ခန်းက အသံကျယ်ကြီးကြောင့် အောက်ဆင်းဖို့လှေခါးကို လှမ်းနေတဲ့ သူ့ခြေထောက်တွေ လေထဲတန့်သွားသည် ။ စာဖတ်ခန်းက ဒုတိယထပ်မှာပဲမလို့ အသေချာမစေ့ထားတဲ့ တံခါးကြောင့် အသံတွေကို အတိုင်းသားကြားရသည်။
" စစ်ဆေးရေးတွေ အရမ်းတင်းကြပ်လို့ ခနရပ်ထားရပါတယ် သခင်ကြီး "
" လာဘ်ထိုးလို့ရတယ်လေ !! ဒါတောင် မလုပ်နိုငါဘူးလား ? !!! "
" တောင်းပန်ပါတယ် သခင်ကြီး ။ အခု စုံထောက်တွေက အရမ်းစစ်ဆေးရေးတင်းကြပ်တော့ . ."

YOU ARE READING
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021