Part-32

5.2K 433 16
                                        

[Unicode]

အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏ ။
အခန်းထဲ အနွေးဓာတ်၏ လွှမ်းခြုံမှုကို ခံစားရရုံမက မီးလင်းဖိုမှ မီးမှ မီးတောက်သံသဲ့သဲ့ကိုလည်း ကြားနေရသည် ။

သူ အိမ်ပြန် ရောက်ပြီထင်တယ် . . . ။

မျက်လုံးတွေဖွင့်ဖို့လုပ်ပေမဲ့ ပြတင်းပေါက်က အလင်းရောင် စူးစူးကြောင့် မဖွင့်ဘဲ ဒီတိုင်း မှေးနေလိုက်သည် ။ အိမ်က လူမနေတာကြာပြီမို့လို့ထင်၏ ။  သန့်ရှင်းရေးလုပ်ထားကြပေမဲ့အိမ်ထဲမှာတင် ဖုန်တွေ အနည်းငယ်ရှိနေသလို ၊ နှာခေါင်းရှုံ့လိုက်သည် ။

မကြာပါ . . . ။ တံခါးဖွင့်သံကြားရသည်။
နောက်ပြီး သူအမြဲ တမ်းတမက်မောခဲ့ရတဲ့ ကိုယ်သင်းရနံ့ကလေးနဲ့ အတူ ကြက်သားဆန်ပြုတ်နံလေး ၊ အိမ်သူက နံနံပင်ကြိုက်သူမို့ နံနံတွေ အများကြီးထည့်လာခဲ့သည်ထင်ပါရဲ့ တစ်ခန်းလုံး နံနံ အနံ့တွေက လွှမ်းသွားလေပြီ ။

မျက်လုံးမဖွင့်ဘဲ သူပြုံးလိုက်မိတာကို မြင်သွားတယ်ထင် ကုတင်ပေါ် ခပ်ဖွဖွလေးဝင်ထိုင်၏ ။

" နိုးပြီလား ? "

" အင်း "

ပျင်းကြောဆန့်ပြီး မထသေးဘဲ ခေါင်းကို ဝမ့် ပေါင်ပေါ်တင်လိုက်ပြီး ထပ်မှေးနေလိုက်သည် ။

" အကြာကြီးအိပ်ထားတာ ။ အိပ်ရေးမဝသေးဘူးလား ? "

" အင်း . . . အိပ်နေတာ ဘယ်လောက်ကြာပြီလဲ ? "

" (၁၂) နာရီ နာရီလောက်ရှိပြီ ။ ဆရာဝန်ပြောတာ အားနည်းလို့တဲ့။
မင်း ဒီတလော အစားအများကြီးစားပါတယ် ။
မင်း Daddy က ငါမင်းကို ကောင်းကောင်းမကျွေးဘူး ထင်နေတော့မှာ "

ဆူးအောင့်အောင့်ပြောနေသူလေးကြောင့် စောစောစီးစီး အပြုံးတွေ ဝေသွားရတော့သည် ။

" Daddy ဖုန်းဆက်သေးလား ? "

" အင်း . . . မင်း မူးလဲတော့ ငါ ဆေးရုံပို့ဖို့ ပြင်နေတုန်း မင်း Daddy ဖုန်းဆက်တယ် ။ အဲ့ဒါကြောင့် ငါမင်းကို ဆေးရုံမပို့တော့ဘဲ အိမ်ခေါ်လာပြီး ဆရာဝန်ခေါ်လိုက်ရတာ . . . အာ ပြီးတော့လေ လူတွေက ဘာလို့ မင်းကို သေသွားပြီလို့ ထင်ကြတာလဲ ? "

CHOICE ME (Completed)Where stories live. Discover now