Part-24

4.8K 468 9
                                        

[Unicode]

"  ခန ခနလေး ကောင်လေး ! "

အိမ်ပြန်ဖို့ ခြေလှမ်းတွေစရုံရှိသေး၏ ဆိုင်ထဲမှ ဈေးရောင်းတဲ့ အန်တီကြီးထွက်လာကာ သူ့ကိုလှမ်းတာကြောင့် လှည့်ကြည့်လိုက်သည်။

"  ဘာဖြစ်တာလဲဗျ ? "

" အော် လက်ကိုင်ပဝါ ကျကျန်ခဲ့လို့ ၊
သား ပစ္စည်းလား ? "

ကမ်းပေးလာတဲ့ လက်ကိုင်ပဝါ အဖြူကလေးတစ်ခု ။

"  မဟုတ်ဘူးဗျ "

" အာ ဒါဆို ခုနက တစ်ယောက်ဟာဖြစ်မယ် ။
နောက်လာမှပဲ ပေးရတော့မယ် "

ရင်းနှီးနေတဲ့ ပြင်းရှရှအနံ့တစ်ခု ၊ ယောက်ျား ဆန်တဲ့ အနံ့ ၊ နှာခေါင်းထဲ မဖိတ်ခေါ်ပါပဲ အလည်ရောက်လာတယ် ။ ဘယ်က ဖြစ်နိုင်သလဲ ?

ဆိုင်ထဲဝင်ဖို့ လုပ်နေတဲ့ အန်တီကို သူလှမ်းတားလိုက်သည် ။

" ဟို အဲ့ဒီ လက်ကိုင်ပဝါ ကို တစ်ချက်လောက်ပြလို့ရလားဗျ "

လက်ထဲရောက်လာတဲ့ လက်ကိုင်ပဝါ ကလေးကို မဝံ့မရဲ နမ်းရှူံ့ဖို့ပြင်တယ် ။ တုန်ရီနေတဲ့ လက်တွေ ဒီ လက်ကိုင်ပဝါမှာ သူတို့ရဲ့ ဘဝတွေရှိတယ် ။  ကျေးဇူးပြု၍ !

နမ်းရှူံ့မိတဲ့အခါ သူ့ရဲ့ သံသယတွေ ပိုသေချာသွားခဲ့တယ် ။ သူသဘောကျခဲ့တဲ့ ကိုယ်သင်းရနံ့ ၊ တစ်လောကလုံးမှာ ဘယ်သူနဲ့မှ မတူတဲ့ ရနံ့ ၊
သူ ဘယ်တော့မှ မမေ့ခဲ့တဲ့ ကိုယ်သင်းရနံ့ကလေး ။ အသံတူတယ်လို့ပဲ တုံးအလွန်းတဲ့သူ တွေးခဲ့မိတာ . . .။

ဒါပေမဲ့ စိတ်ဆိုးတယ် ။
တွေ့ရဲ့သားနဲ့ ဘာလို့ မသိသလို စကားပြောရတာလဲ?  လူကို ဘာများမှတ်နေလဲ ?

စိတ်ဆိုးတယ်ဆိုပေမဲ့ အပျော်တွေက ပိုများနေခဲ့တာမလို့ နှုတ်ခမ်းတွေဟာ အလှပဆုံးပြုံးနေခဲ့တယ် ။ ဝမ်ရိပေါ်ဆိုတဲ့ ကျွန်တော်ဟာ အဲ့လိုလူ ။
အရမ်းပြုံးမိသွားလို့ထင် ၊ ဘေးနားက အန်တီကြီးက သူ့ကို အထူးအဆန်း ကြည့်တယ် ။

" ဆိုင်မှာ CCTV တပ်ထားတယ် မဟုတ်လားဗျ ?"

" အင်း တပ်ထားတယ် "

" ကျွန်တော် တစ်ချက်လောက်ကြည့်လို့ရမလား ? "

အန်တီကြီးက သူ့ကို ကြည့်ကာ အင်တင်တင် လုပ်နေတာမလို့ ရဲဖြစ်ကြောင်း ကိုပြရသေးသည်။ ထိုအခါမှ ခွင့်ပြုလာလေရဲ့ ။

CHOICE ME (Completed)Tahanan ng mga kuwento. Tumuklas ngayon