[Unicode]
( 8 ) နှစ်ခန့်ကြာသော် . . . ,
" Mr.Sean နဲ့ လက်တွဲခွင့်ရတာ တကယ်ဝမ်းသာစရာပါဗျာ ။ ဘိန်းဖြူ တွေက အာရှမှာပဲ စိုက်တာများတာ။ ကျွန်တော်တို့ဘက် တွေမှာတော့ တော်တော် ဒုက္ခရောက်တယ် ။ "
" ၁၅ ရက်နေ့ ခင်ဗျားတို့ဆီ ရောက်လာစေရပါမယ် ။ အခုတလော ကားတွေက အစစ်ခံရတာအရမ်းများလို့ ခနနားဖို့ ဆုံးဖြစ်ထားတယ် ။ အဲ့ဒီအထိ စောင့်ပေးပါ ! "
" ဒါပေါ့ဗျာ ။ ခင်ဗျားတစ်ခုခုဖြစ်ရင် နှစ်ဉီးနှစ်ဖက်လုံးအတွက် နစ်နာစရာတွေ များကုန်မှာပေါ့ ။
ကျွန်တော် စောင့်နိုင်ပါတယ် "အပြန်အလှန် သဘောတူညီမှုရပြီး အရပ်ရှည်ရှည်နဲ့လူဖြူကောင်ဟာလည်း ကျေနပ်ဝမ်းသာအားရစွာပြန်သွားလေသည် ။
စီးကရက်ဗူးကို ယူကာ အထဲက ဆေးလိပ်ကို
အညိုရောင်သန်းစစပြုနေတဲ့ နှုတ်ခမ်းလှလှလေးမှာ တေ့လိုက်သည် ။
ပါးသိုင်းမွေး တွေ နှုတ်ခမ်းမွေး ရဲရဲတွေက
ထိုလူ၏ အရှိန်အဝါကို ပို၍ ဖြည့်စွက်ပေးနေသယောင် ။ မျက်လုံးဝိုင်းဝိုင်းလေးတွေဟာ
ညို့မှိုင်း နေပေမဲ့ နှုတ်ခမ်းတွေက ပြုံးနေတယ်။ပြုံးရမယ် ။ မပြုံးချင်လည်း ပြုံးရမယ် ။
မရီချင်လည်း ရီရမယ် ။ ဘာလို့လဲ ?
သူ ရွေးချယ်ခဲ့တာမို့လို့လေ ။ ဒီလို စိတ်မပါစွာပြုံးနိုင်ဖို့အတွက် သူအရာအားလုံးကို ထားခဲ့ရတယ် ။ဟုတ်တယ် . . . ။ အရာအားလုံး ။
သူ့ ရဲ့ အရာအားလုံးကို ပိုင်ခွင့်ရသူကို ထားခဲ့ရတယ် ။ သူရှေ့မှာ ပဲရီပြီး သူ့ရှေ့မှာပဲ ငိုချင်ခဲ့တဲ့သူဟာ သူ့ရဲ့ သုခဘုံကလေး နဲ့ ဝေးရာကို ထွက်ပြေးခဲ့တယ် ။ ဒါဟာ သူတို့လို လူမျိုးတွေရဲ့ ဘဝဖြစ်တယ် ။•••••••••••••••••••CHOICE ME•••••••••••••••••••
" ပေါ်ပေါ်လာပြီ . . . ပေါ်ပေါ်လာပြီ !! "
ကလေးတစ်ယောက်ရဲ့ အော်သံအဆုံး အနက်ရောင်ကားကလေး၏ ဘေးနား ကလေးများ ဝိုင်းအုံလာကြသည် ။
" ကလေးတွေက မင်းအလာကို စောင့်နေကြတာ ။ လာ လာ မင်းတို့ ပေါ်ပေါ်လမ်းကို မပိတ်ကြနဲ့ "

ESTÁS LEYENDO
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021