Part-17

5.3K 501 17
                                        

[Unicode]

" သွားတော့ ! "

သူတို့ မြို့ထဲရောက်တော့ မနက် 7 နာရီ
တောင် ထိုးခါနီးနေပြီဖြစ်သည်။
ရှောင်းကျန့် က ဆိုင်ကယ်ကို ရိပေါ်တို့ အိမ်
လမ်းကြားထဲမဝင်ခင် လမ်းမကြီးမှာ ရပ်
ပေးသည် ။ မဟုတ်ရင်လည်း မားဆီက
မေးခွန်းပေါင်းများစွာကို ပတ်ဖြေရအုံးမည်။

" ဒီနေ့ ငါ့ အကိုကြီး မင်္ဂလာဆောင် ရှိတယ် ! "

" သိတယ် ! "

" မင်းလာခဲ့ ! "

ရှောင်းကျန့် က သူပြောတာကို တစ်ချက်စဉ်းစား
သည် ။

" လူများတယ် ! "

" ငါ ရှိတယ်လေ . . . "

" စဉ်းစားမယ် ! "

ရှောင်းကျန့် က ဆိုင်ကယ်ကို တဝီဝီလုပ်
ကာ ဒုန်းစိုင်း ကြီးထွက်သွားလေပြီ ဖြစ်တာ
ကြောင့် သူလည်း လျင်မြန်သော ခြေလှမ်း
များဖြင့် အိမ်သို့ ပြန်လာခဲ့သည် ။
အိမ်ပြန်ရောက်တော့ မားတို့ရယ် သတို့သား
နဲ့ သတို့သမီးကို မိတ်ကပ်ပြင်ကြရင်း အလုပ်
ရှုတ်နေကြလေပြီ ။ အဒေါ်တွေလည်း ထို့အတူ
မိတ်ကပ်ပြင်ကြရင်း အလုပ်ရှုတ်နေကြသည်။

" ဟယ် . . . ဝမ်လေး ပြန်ရောက်ပြီလား ? "

" ဟုတ် တီလေး "

" လာ လာ မျက်နှာသစ်ချည် ၊ နည်းနည်း ပါပါး
မျက်နှာချယ်ရအောင် "

တီလေးက ရိပေါ်ကိုတွေ့တွေ့ချင်း ပျာယာခတ်
နေသည် ။ သူ နည်းနည်း နောက်ကျသွားလို့
ဖြစ်မည် ။

" ဟုတ် ! "

အပေါ်ဘက် မိမိအခန်းကို တတ်လာခဲ့သည်။
ထို့နောက် ရေကိုသေချာချိုးကာ အဖြူရောင်
Suit ကိုကျကျနနဝတ်ကာ
ပြင်ဆင်ပြီး ခရစ်ယာန် ဘုရားကျောင်းသို့
သွားကြသည်။

တကယ်တော့ ရိပေါ် ပါးရော
မားရော ဘာသာမဲ့တွေပေမဲ့ အကိုကြီးရဲ့
ဇနီးက ခရစ်ယာန် ဖြစ်တာကြောင့် သူတို့
ခရစ်ယာန် ဘုရားကျောင်းမှာ လက်ထပ်ပေး ရန်
ပြင်ဆင်ခဲ့ကြခြင်းပင် ။

ဘုရားကျောင်းမှာ အပြန်လှန် ကတိပြုခဲ့ကြ
ပြီးနောက် မိသားစုလိုက် ဓာတ်ပုံရိုက်ကြ
သည်။ ထို့နောက် အဒေါ်တွေဉီးလေးတွေ
စသဖြင့် ပုံရိုက်နေကြရင်း ဘုရားကျောင်း
ဝသို့ ရိပေါ်အကြည့်ရောက်သွားသည်။

CHOICE ME (Completed)Where stories live. Discover now