[Unicode]
စိတ်တွေအရမ်းရှုတ်နေတာကြောင့် မြစ်ကမ်းဘေးကို လေညင်းခံဖို့ ထွက်လာခဲ့သည်။ တစ်လလုံးလုံး Sean ရဲ့ လှုပ်ရှားမှုတွေကို သိရှိရန် စုံစမ်းနေရတာကြောင့် အိမ်တောင် ပြန်မအိပ်ဖြစ်တာက ခပ်ရှားရှား ၊ နှစ်ပတ်တစ်ကြိမ်သာ အိမ်ပြန်ဖြစ်သည် ။
အရမ်းလည်လွန်းတဲ့ Sean ဆိုတဲ့လူက ဒီတစ်လအတွင်း လှုပ်ရှား မှုအားလုံးရပ်ဆိုင်းထားတာကြောင့် သူတို့မှာ ခြေရာခံမရဖြစ်နေသည် ။
အခုသူတို့အခြေနေက ကောက်ရိုးပုံထဲ အပ်ပျောက်ရှာနေရသလိုပင် ။ကားအမိုးလေးကိုဖွင့်ကာ မျက်စိလေးကိုမှိန်းရင်း လေညင်းခံနေလိုက်သည်။ ဇန်နဝါရီလမို့ ရာသီဥတု က ချမ်းစိမ့်လွန်းလှသည် ။ သို့သော် ဒီအအေးဓာတ်တွေက ခန္ဓာအထဲက အပူချိန်ကို မထိုးဖောက်နိုင်စွာ သူရင်မှာပူလောင်နေတယ် ။
သူဒီမှာထိုင်နေတာ ဘယ်လောက်ကြာပြီလဲမသိ
အနည်းငယ် မှောင်လာပြီမလို့ ကားအမိုးကို ပိတ်ကာ စထွက်ရန်အပြု ဖြေးဖြေးမှန်မှန်နဲ့ မိမိကားဘေးနားက လမ်းလျှောက်လာသူကြောင့် အသက်ကို အောင့်ထားလိုက်သည် ။ ကားထဲမှာထိုင်နေတဲ့ သူ့ကို ထိုလူကတော့ မြင်မှာမဟုတ် ။ဖေရှီး !! ဒီလူ ဘာလာလုပ်တာလဲ ?
သူခေတ္တ ကြောင်သွားပေမဲ့ ကားစက်နိုးကာ ထိုကားနောက်ကို မသိမသာလေး လိုက်ရသည် ။မျက်ခြေမပြတ်သွားစေရန် ကားနံပါတ်ကို သေချာ ဓာတ်ပုံရိုက်ပြီး ဆက်လိုက်ရန်အပြု သူ့ အသိစိတ်တွေ တစ်ချက်တစ်ချက် ထုံထိုင်းသွားသလို ၊ သူ့အသက်ရှုသံတွေကလည်း ထိုခနလေးမှာ ရပ်တန့်သွားသလို ၊ တစ်လောကလုံးအတွက် ထုတ်လွှတ်ပေးနေတဲ့ အောက်ဆီက သူ့အတွက် သီးသန့်ပြတ်တောက်သွားသလို ၊ ရင်ဘတ်တွေ တင်းကြပ်လာရတယ် ။
ကားနံပါတ် ။ အဲ့ဒီကား နံပါတ် !
ကျန့်နဲ့တွေ့တုန်းက သူမှတ်ထားသည့် ကားနံပါတ်နဲ့ တိုက်ကြည့်လိုက်တော့ အတူတူဖြစ်နေလေတဲ့အခါ အရာအားလုံးဆုံးရှုံးလိုက်ရတဲ့ ခံစားချက်နက်နက်တွေ က သူ့ရင်မှာ လာစုပြုံကြတယ် ။ဆောက်တည်ရာမရတဲ့ အတွေးတွေကြောင့် ကားဘရိတ်ကို ရုတ်တရက် နှင်းမိကာ အဝေးပြေးလမ်းမကြီးတည့်တည့်တွင် ရပ်လိုက်မိသည် ။ သူ့ကိုကားကိုကြည့်ရင်း ကုန်တင်ကား မောင်းလာတဲ့ လူတွေက ဆဲသွားကြသည်။
YOU ARE READING
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021