Part-9

5.1K 508 3
                                    

[Unicode]

ဝမ်ရိပေါ်တို့ အဖွဲ့ပြန်သွားတော့ ရှောင်းကျန့်
ဗိုက်ကို အသာဖိရင်း အိပ်ယာမှ ထလိုက်သည်။

တစ်စုံတစ်ယောက်က ကိုယ့်အတွက် စေတနာ
ရှိရှိနဲ့ လုပ်ပေးတဲ့ အရာမို့ မငြင်းလိုတဲ့
ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ဆိုတဲ့ တစ်ယောက်
ရဲ့ ဆန်ပြုတ်ကို ကုန်အောင်စားခဲ့မိသည်။

အကျိုးဆက်က ဗိုက်အောင့်ခြင်း . . . ။

ဧည့်ခန်းထဲဝင်လိုက်တော့ တိတ်ဆိတ်ခြင်းက
ရှောင်းကျန့်ကို ကြိုဆိုတယ် ။ ခုနကတောင်
ဝမ်ရိပေါ် သူငယ်ချင်းတွေ စကားများပြီး
ဆော့နေကြတဲ့ ဧည့်ခန်းဟာ တိတ်ဆိတ် လို့။
အမြဲတမ်း တစ်ယောက်တည်းပဲ နေလာခဲ့
တဲ့ အတွက် ဒီအခြေနေဟာ သူ့အတွက်
အသားကျနေပြီးသားပင် . . . ။

မီးဖိုချောင်ထဲဝင်ကာ ရေခဲသေတ္တာ ကို
ဖွင့်ပြီး ရေသန့်ဗူးတစ်ဗူးကို ယူလိုက်သည်။
ရေခဲသေတ္တာ ကိုပြန်ပိတ်လိုက်တော့ ရေခဲသေတ္တာ  အဖုံးမှာ စာရွက်အဝါလေး
ကပ်ထားသည်ကို အမှတ်တမဲ့တွေ့လိုက်သည်။

" ခေါက်ဆွဲခြောက်ချည့် လိမ့်မစားနဲ့ !

စားပွဲပေါ်မှာ ဆန်နဲ့ ဂျုံ ဝယ်ပြီးတင်ထားပေး

ခဲ့တယ် ။ "

မညီမညာလက်ရေးလေးအရ ဝမ်ရိပေါ်ဆိုတဲ့
တစ်ယောက် လက်ရေးဖြစ်မည်ဟု
ရှောင်းကျန့်တွေးလိုက်သည် ။ ဟိုး သူကျောင်း
စစတတ်ချင်းတုန်းက သူနဲ့ ဝမ်ရိပေါ် အဖြေလွှာစာရွက်ချင်းမှားဖူးတာကြောင့် သိနေခြင်းပင်။

စားပွဲပေါ်က ဂျုံတွေကို ကြည့်လိုက်သည်။
ဒီကောင် သူ့မုန့်ဖိုးနဲ့ ဝယ်ထားတာများလား . .?

ဘာမှများများစားစားမတွေးချင်တာကြောင့်
ရေခဲသေတ္တာ ထဲက ခေါက်ဆွဲခြောက်ကို
ယူရန် အပြု သို့ပေမဲ့ တစ်စုံတစ်ခု ကို
တွေးမိသွားတာကြောင့် ပြန်ချထားရန်ပြင်တယ်။

ခုနကစာကို ပြန်သတိရမိ
သွားတာကြောင့်လား ? ဒါမှမဟုတ် သူကိုယ်
တိုင်က ဒီနေ့ ခေါက်ဆွဲခြောက်မစားချင်
တာကြောင့်လား ? ခေါက်ဆွဲခြောက်ဗူးကို
သူ့နေရာသူတိုင်း ပြန်ထားကာ ဆန်ပြုတ်
ပြုတ်ရန်ပြင်လိုက်သည် ။

CHOICE ME (Completed)Where stories live. Discover now