[Unicode]၃၃
" Daddy "
" အားကျန့် လာ လာ "
ဝရံတာရှေ့ စာအုပ်ထိုင်ဖတ်နေတဲ့ Daddyကို သူခေါ်လိုက်တော့ ဝင်ထိုင်ရန် ခုံရွှေ့ပေးသည် ။ Daddy ကလွန်ခဲ့တဲ့ (၅) နှစ်ကနဲ့ လားလားပင်မတူတော့စွာ သူ့အား အမြဲဂရုစိုက်ပေးလာတယ် ။
လွန်ခဲ့တဲ့ (၅) နှစ် . . .
သူ ဂိုဏ်းထောင်ပြီး (၁)နှစ်အကြာ ၊ သူ့ထက်အရင် စီနီယာကျပြီး lion လို့ခေါ်တဲ့ ဂိုဏ်းတစ်ခု ၊
Gangland,ရဲ့ အရှင်သခင်ဟောင်းဆိုရသူ၏ အလစ်ဝင်တိုက်မှုကြောင့် ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရာ အကြီးအကျယ်ဒဏ်ရာရပြီး အသက်လုခဲ့ရတဲ့အချိန် ။Daddy,ရဲ့ နောင်တတရားတွေကလည်း အဲ့ဒီအချိန်က စတင်ခဲ့တယ် . . . ။တစ်ယောက်တည်း အမှောင်ထုထဲ လမ်းလျှောက် နေခဲ့ရစဉ် ၊ ဆေးရုံရဲ့ အရေးပေါ်ခန်းထဲ အသက်လုနေခဲ့ရစဉ် ၊ ရှောင်းမိသားစုရဲ့ ရှောင်းကျန့် အပေါ် မျှော်လင့်ချက်တွေ အရောင်တွေမှေးမှိန်ခဲ့စဉ် ၊ အရာအားလုံးဗလာ နတ္တိနဲ့တစ်ယောက်တည်း ကြောက်ရွံ့တုန်လှုပ်ခဲ့ရတဲ့အချိန်တွေဟာ ရှောင်းကျန့် ကို ခြောက်လန့်တယ်. . . ။
အဲ့ဒီအချိန်တွေမှာ သေရွာကပြန်လာဖို့ တစ်ခုတည်းသော အကြောင်းပြချက်ကလေး . . .
' ဘယ်တော့လဲ ? . . .
ဘယ်တော့ပြန်လာမှာလဲဟင်´ တဲ့ ။နောက်ဆုံး ကျောင်းတော်ကြီးရှေ့သူတို့ တွေ့ခဲ့ကြတဲ့ အချိန်တွေတုန်းက မေးနေခဲ့တဲ့ မေးခွန်းလေး ။ အခု သူ ပြန်ဖြေမယ် . . .
' အခုပဲ မင်းဆီကို လာနေပြီ ဝမ် ´
အိမ်မှာသူ့ပြန်အလာကို စောင့်နေတဲ့သူ ရှိနေသေးတယ် ။ သူ ပြန်သွားမြှဖစ်မယ် . . မဟုတ်ရင် သူအကြာကြီး ကျွန်တော့်ကို စောင့်နေတော့မှာ . . .။
ဒီ အကြောင်းပြချက်တစ်ခုတည်းကြောင့် ချွေးတွေနဲ့အားစိုက်ပါးစိုက်သူ့အသက်ကို ကယ်ဖို့ကြိုးစားနေကြတဲ့ ဆရာဝန်တွေဆီက
' လူနာ ဘေးကင်းပြီ ´
ဆိုတဲ့ ပီတိစကားတွေဝေသွားခဲ့ရဖူးတယ် . . . ။
'သား ဒီ အလုပ်ကို မလုပ်နဲ့တော့ ´
သူ သတိရတော့ ပထမဆုံး ကြားရတဲ့စကား ။
အကြားချင်ခဲ့ရဆုံးသော စကား ၊ ကြားခွင့်ရခဲ့ပြီ ။ ဒါပေမဲ့ မထူးတော့ဘူးလေ . . .၊ ဒီလမ်းကို သူ ရွေးချယ်ခဲ့ပြီးပြီ ။ သူနဲ့ တိုက်ခိုက်ခဲ့တဲ့ ဂိုဏ်းကလည်း သူ့ မျက်နှာကို မြင်သွားကြပြီးပြီ ။ အနှေးနှင့်အမြန် သူက ရှောင်းအိမ်တော်က သခင်လေးဆိုတာ သိသွားကြတော့မှာ ။ အဲ့လိုဆို သူ့ဘိုးဘေးတွေ တည်ဆောက်ခဲ့တဲ့ ရှောင်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာ ၊ အရာအားလုံး နောက်ပြန်လှည့်လို့မရတော့ဘူး . . . ။
VOUS LISEZ
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021