Part-22

4.4K 461 15
                                    

[Unicode]

"  ဟေ့ကောင် ! ဝမ်ကြီး !! "

အိမ်အောက်ထပ်က ဝမ်ချောင်တို့ ခေါ်သံကို
အခန်းထဲကနေ အတိုင်းသားကြားရသည်။
သူတို့ ခရီးတိုလေးတစ်ခုသွားကြတာ မနေ့ညက
ပြန်ရောက်ကြတာမလို့ အရမ်းပင်ပန်းနေသည်။
သို့သော် ဒီကောင်တွေက သူ့လိုမဟုတ် ။
အမြဲတတ်ကြွနေကြတာ ။

"  မင်းတို့ သူငယ်ချင်း. . . အခုထိမထသေးဘူးတော် ။ အပေါ်တတ်ပြီး သွားနိုးချည်ကြ "

""" ဟုတ်ကဲ့ဗျ """

" နေကြအုံး ! အသီးပန်းကန်ယူသွားကြ ! "

မားက ဟင်းချက်ရင်းသူတို့ကို လှမ်းပြောနေတာဖြစ်မည် ။ ထို့ကြောင့် သူလည်း ထထိုင်လိုက်သည်။ သို့သော် မျက်လုံးတွေက မပွင့်တပွင့် ။

" ဟေ့ကောင် ! မျက်လုံးဖွင့် . . .
ငုတ်တုတ်ကြီးမေ့မနေနဲ့ ! "

ကျန်းချန် က အသံပြဲကြီးဖြင့်အော်လာတာမလို့
မျက်လုံးတွေ ဖွင့်ကြည့်လိုက်တော့ ဟောက်ရွှမ်းက နံရံမှာကပ်ထားတဲ့ ဂီတာကိုတောင် ယူတီးနေပြီဖြစ်သည် ။ ကျန်းချန် နဲ့ ဝမ်ချောင်ကတော့ မားပေးလိုက်တဲ့ အသီးတွေကို စားရင်း ရိပေါ်ကို
ကြည့်နေကြသည်။

ခန ။ တံခါးဝမှာ တစ်ယောက်ယောက်မတ်တတ်ရပ်နေသလားလို့ ။ ဟောက်ရွှမ်း ၊
ဝမ်ချောင် ၊ ကျန်းချန် သုံးယောက်လုံးရှိကြပါတယ် ။ ထို့ကြောင့် အိပ်ချင်မူးတူးဖြစ်နေတဲ့ မျက်လုံးကို ဖွင့်ကာ တံခါးဝကို လှည့်ကြည့်လိုက်တော့ သူ့ကို ကြည့်နေတဲ့ ကျန့် ။

ဟင် ?? !  မျက်လုံးတွေကို သေချာပွတ်ကြည့်လိုက်တော့ တကယ်ရှောင်းကျန့် ။ သူ့ကို ပြုံးပြနေတာ ။ မျက်လုံးတွေက မြင်ရတာနဲ့ မရောင့်ရဲနိုင်တဲ့အခါ ခန္ဓာကိုယ်က သူ့ဆီသွားဖို့ အလျင်စလိုတုန့်ပြန်တယ် ။

"  ကျန့် !! မင်း အရင်အပတ်က ပြန်သွားတာမဟုတ်လား ? ပြန်လာတော့တာလားဟင် ? "

ဝမ်းသာအားရဖြင့် တံခါးဝဆီခြေလှမ်းတော့
ကျန့်က အခန်းအပြင်ထွက်သွားဖို့ ပြင်တယ် ။

" ဟမ် ? နေအုံးလေ "

"  ဟေ့ကောင် !ဝမ်ကြီး . . .
မင်းဘာတွေပြောနေတာလဲ ? "

CHOICE ME (Completed)Место, где живут истории. Откройте их для себя