[Unicode]
" ဆိုင်ကယ် ဉီးထုတ်မဆောင်းဘဲ
လျှာထိုးဉီးထုတ်ကြီးဆောင်းလာတာ
အန်တရယ် များတာသိလား ? "" အင်းပါ "
ဆောင်းလာတဲ့ လျှာထိုးဉီးထုတ်ကို
ခပ်ငိုက်ငိုက်လေးဆောင်းကာ ရှောင်းကျန့်
ကဆိုင်ကယ်ကို တတ်ခွလိုက်သည် ။
ထို့ကြောင့် ရိပေါ်လည်း ရှောင်းကျန့် နောက်
မှ တတ်ကာ ခပ်နွေးနွေးကျောပြင်ကျယ်
ကို မှီပြီးခါးတွေကို ဖက်ထားလိုက်သည် ။ထိုချိန် ခြံရှေ့ကိုထွက်လာတဲ့ ကျန်းချန်
တို့ တစ်သိုက် ၊ ဆိုင်ကယ်က စထွက်နေ
ပြီမလို့ ရိပေါ်ကို လက်ညိုးကြီးထိုးကာ
မျက်လုံးပြူးပြူးကြီးကျန်ခဲ့ကြသည် ။" ရှေ့က ဆေးဆိုင်ရှေ့ခနရပ်အုံး ! "
ဆေးဆိုင်လေးတွေ့တာမလို့ ရပ်ခိုင်းလိုက်သည်။
ဒီကောင့်ကို ဆေးထည့်ပေးဖို့ လိုအပ်တဲ့
ဆေးတွေ ဝယ်ရအုံးမည်လေ ။
လိုအပ်တဲ့ ဆေးကိုဝယ်ပြီး ပြန်ထွက်တော့
ရှောင်းကျန့် အိမ်ကိုသွားတဲ့လမ်း မဟုတ်ဘဲ
တခြားလမ်းဘက်ကို ပြောင်းသွားတာ
ကြောင့် ရိပေါ် ဘယ်လဲ မေးရပြီ။" ဘယ်သွားမှာလဲ ? ဒါ မင်းအိမ်ကိုသွားတဲ့
လမ်း မဟုတ်ဘူးလေ "" ခေါ်သွားချင်တဲ့ နေရာလေးရှိတယ် ! "
ဒီတစ်ခေါက်လည်း ခါတိုင်းလို ပင်
ဆိုင်ကယ်ကို အရှိန်အမြန်ကြီးနဲ့ မောင်းနေ
တာမလို့ ရိပေါ်လည်း ခါးကိုသာ အသေဖက်
ထားရတော့သည် ။ မြန်လွန်းတယ်လို့လည်း
မအော်တော့ဘူး ။ ဒီကောင်က ရိပေါ်ကို
ဘယ်တော့မှ ထိခိုက်အောင် မလုပ်ဘူးလို့
ယုံကြည်နေမိတာကြောင့်လည်း ဖြစ်မည် ။သွားတာတဖြည်းဖြည်းကြာတော့ မြို့ပြင်
ဘယ်က လယ်ကွင်းတွေဆီ ရောက်လာသည်။
ဆောင်းရာသီကုန်ပြီးပြီမလို့ စပါးတွေအား
လုံးကိုလည်း ရိုက်သိမ်းပြီးပြီဖြစ်တာကြောင့်
ကောက်ရိုးပုံတွေလည်း တွေ့ရသည် ။" အေးနေလား ? !"
ခါးကိုရောက်နေတဲ့ သူ့ရဲ့လက်တွေ
ကို ရှောင်းကျန့် က ဘယ်လက်ဖြင့် အုပ်
ကိုင်ကာ ဆိုသည် ။" ရတယ် ၊ လက်နှစ်ဖက်လုံးနဲ့ ထိန်းစမ်းပါ ။
ငါ အခု မသေချင်သေးဘူး ! "

YOU ARE READING
CHOICE ME (Completed)
FanfictionZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021