Part-13

4.7K 488 3
                                    

[Unicode]

ရှောင်းကျန့် အိမ်ရောက်တော့ ရိပေါ်
ဆိုဖာပေါ် ဘုန်းခနဲ လှဲချလိုက်သည် ။
လမ်းလျှောက်လာရတာမလို့ ခြေထောက်
တွေကလည်း ညောင်းညာနေသည်။

" ညောင်းလိုက်တာ . . "

" ခနနားပြီး စာလုပ်ရအောင် "

သူကသာ ပျင်းရိပျင်းတွဲ လုပ်ပြီး
ဆိုဖာပေါ်လဲနေတာ ရှောင်းကျန့် က
အဝတ်အစားလဲပြီး စာလုပ်ဖို့ တတ်ကြွ
နေလေတယ် . . . ။

" မင်း အရင်က တတ်ခဲ့တဲ့ ကျောင်းမှာရော
အမြဲတမ်း အဆင့် (၁) ပဲလား ? "

" အင်း ! "

" အားကျတယ် "

" မင်းက ပျင်းတာကိုး ! "

ရိပေါ်ပျင်းတဲ့ အကြောင်းကိုပြောရင်း
နှာခေါင်းရှုံ့ လိုက်တဲ့ ရှောင်းကျန့် ကို
ရိပေါ် ဆိုဖာပေါ်က ခေါင်းအုံးနဲ့ ပစ်ပေါက်
လိုက်သည် ။ ဒါကို ဟိုကောင်က ဖမ်းလိုက်ပြီး
တဟားဟားရီသေးတာ . . . ။

" ငါ အထက်တန်း အောင်မြှဖစ်မှာ "

" ဘာလို့လဲ ? "

" အထက်တန်း အောင်မှ ရဲသင်တန်း
တတ်လို့ရမှာ . . . "

ရိပေါ်က ဒါကို ဘာမဟုတ်သလိုပြောလိုက်
ပေမဲ့ အင်္ကျီ လက်ကိုခေါက်တင်နေတဲ့
ရှောင်းကျန့် လက်တွေ ရုတ်တရက် တန့်
သွားသလို  ရိပေါ်မပြောတတ်တဲ့
မှန်းဆမရတဲ့ အရိပ်ယောင်တွေ ရှောင်းကျန့်
မျက်နှာမှ ဖြတ်ပြေးသွားတယ် . . . ။

" ဘာလို့ရဲဖြစ်ချင်တာလဲ ? "

" ဘာလို့ရမှာလဲ ? မင်းမကြားဘူးလား?
အရင်ပတ်က ငါတို့ ရပ်ကွက်ထဲက
(၁၅) နှစ်အရွယ် ကောင်မလေးပျောက်
သွားတာလေ ၊ ပြောနေကြတာ လူကုန်ကူး
ခံရတာထင်တယ် တဲ့  ၊ အခုတလော ကလေးတွေ
လည်း ပျောက်နေကြတာတဲ့ တစ်ခြားမြို့
တွေမှာဆို ၊ ဒီလို လူယုတ်မာ
တွေကိုငါ နုတ်နုတ်စင်းချင်တာသိလား ?
ဒီလို ကိုယ်ကျိုးအတွက် သူတစ်ပါးကို
အသုံးချတာကြီးက လုံးဝမဟုတ်သေးဘူး ။
အဲ့လိုလူတွေကို ငါ ကိုယ်တိုင်ဖမ်းချင်တာ "

ရိပေါ် ကိုယ့်ဘာကိုယ် အားရပါးရပြောပြီး
ရှောင်းကျန့် ကိုကြည့်လိုက်တော့ ခုနကလို
မျက်နှာမျိုးမဟုတ်တော့ပဲ ပုံမှန် ပြန်ဖြစ်
သွားပြီ . . . ။

CHOICE ME (Completed)Où les histoires vivent. Découvrez maintenant