[Unicode]
ဝမ်ရိပေါ်တို့အိမ်သည် မြို့လယ်ခေါင်က
ခြံလေးတစ်ခု တွင်ရှိသည် ။
နှစ်ထပ်တိုက်လေးဖြစ်ပြီး
အစိမ်းရင့်ရောင်လေးကို ချယ်ထားသည်။
ပန်းပင်များထက် စားစရာအသီးအနှံများကို
စိုက်ပျိုးရေးဝါသနာပါသူ မေမေက အများအပြား စိုက်ထားသည်။ မေမေက ပုဂ္ဂလိက
ဘဏ်တစ်ခုတွင် မန်နေဂျာဖြစ်ပြီး ဖေဖေက
ကျောင်းဆရာတစ်ယောက်ဖြစ်သည်။
ထို့နောက် ရိပေါ်၏ အကိုက ဆရာဝန်တစ်
ယောက်ဖြစ်ပြီး မမက ပေကျင်းဖောင်ဒေးရှင်း
တစ်ခုက ဒါရိုက်တာ ဖြစ်သည်။" ဟေ့ကောင် ဖြေးဖြေးတတ်စမ်း !"
" ငါညပ်နေပြီကွ !!"
" ဉီးလေးဝမ်ကို တခါးပြင်ခိုင်းရမယ်"
ရိပေါ်အိပ်နေတာပေမဲ့ ဝမ်ချောင်တို့ရဲ့
တခါး ကျဉ်းကျဉ်းကြားညပ်ပြီး
တစ်ယောက်ကိုတစ်ယောက် ဆဲဆိုသံ
တွေကြောင့် နိုးလာသည်။ငလူးကောင်တွေ ပိတ်ရက်မှာ ကောင်းကောင်း
အိပ်ရတယ်မရှိဘူး !!" ဟေ့ကောင် ဝမ်အိပေါ် !"
ဆောင်ကိုခေါင်းမီးခြုံထားပေမဲ့
ဟောက်ရွှမ်းက ဆောင်ကိုအတင်းဆွဲလှန်
လာသည်။ ကျန်တဲ့သူတွေကလည်း
ရိပေါ်ရဲ့ တစ်ယောက်အိပ်ကုတင်ပေါ်
ထပ်ပြီးတတ်အိပ်ကြသည်။" အေး ငါ့ကုတင်ကျိုးလို့ကတော့နော်!
မင်းတို့ကို လျော်ခိုင်းမှာ "" မင်းမေကြီးကျိုး ၊ ဒီနေ့က ပိတ်ရက်ဆိုတော့
ဂိမ်းဆိုင်သွားရအောင်ကွာ !"" အေး အဲ့တာပြောတာ ၊ သွားရအောင်"
ကျန်းချန်ပြောတာကို ဝမ်ချောင်က ခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံသည်။ ဟောက်ရွှမ်းကတော့
အေးဆေး ရိပေါ်ရဲ့ စာကြည့်ခုံပေါ်ထိုင်ပြီး
ဖုန်းလေးတပွတ်ပွတ်လုပ်နေသည်။" အင်း ခနစောင့် ၊ ငါ မျက်နှာသစ်လိုက်အုံးမယ် "
" ရေ ရောတစ်ခါတည်းချိုးခဲ့ ဟား ဟား"
ဒီလောက်အေးခဲနေတဲ့ ဆောင်းရာသီမနက်ကြီး
ရေလာချိုးခိုင်းနေသည့် ဟောက်ရွှမ်း ကို
ရိပေါ် လက်ခလယ်လေးထောင်ပြလိုက်သည်။
KAMU SEDANG MEMBACA
CHOICE ME (Completed)
Fiksi PenggemarZSWW ( Myanmar ) Start Date - 2.10.2021 End Date -29.12.2021