Part-39

5.3K 430 11
                                    

[Unicode]

" ပေါ်ပေါ် လာပြီရား ? "

အဝေးကနေတင် သူ့ကို မှတ်မိနေကြတဲ့
ကလေးတွေကြောင့် ခြေလှမ်းတွေကို မြန်သထက်မြန်အောင် လျှောက်လိုက်ပြီး ကလေးတစ်ယောက်ကို ပွေ့ချီလိုက်သည် ။

" ကလေးတွေက သားကို အရမ်းလွမ်းနေကြတာ "

" ဟုတ်ကဲ့ ။ ကျွန်တော်လည်း လာမလို့ပဲ ။
မအားတာနဲ့ ဒီကို မရောက်ဖြစ်တော့တာ "

စစ်စတာယန်က သူ့အား ပြောစရာရှိတာပြော
ပြီး အထဲဝင်သွားတာကြောင့် သူ့အာရုံဟာ
ကလေးတွေဆီ ပြန်ရောက်လာသည် ။

" ဒီနှစ်လည်း ကျန့်ကျန့် ပါမလာပြန်ဘူးလားဟင် ? "

သူတစ်ချက်ငိုင်သွားတယ် ။ ဟုတ်တယ် ။
ဒီနှစ်လည်း မောင် မရောက်လာသေးဘူး ။

သူ ဂေဟာသွားတိုင်း ကလေးတွေက ကျန့်ကို မှတ်မိနေခဲ့ကြတာကြောင့် ကျန့်အကြောင်းကို
ခနခနမေးကြတယ် ။ သို့သော် ကျန့် ခရီးသွားတယ်ဆိုတဲ့ စကားကလွဲပြီး သူဘာမှ ပြန်မပြော
နိုင်ခဲ့ဘူး ။

" အင်း . . . "

သူ့အဖြေကြောင့် ကလေးတွေဟာ ငိုင်သွား
ကြတယ် ။ ဒါပေမဲ့ ခနပါပဲ ။ ကလေးတွေမို့
ကလေးသဘာဝအတိုင်း ပျော်ကြပါးကြနဲ့
မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြတယ် ။

မေ့မေ့ပျောက်ပျောက် မဖြစ်နိုင်တဲ့လူက သူ ။
ဟိုးအနက်ရှိုင်းဆုံးမှာ ခက်ခက်ခဲခဲ မေ့ချင်ယောင်
ဆောင်ခဲ့တာကို ပြန်ဖော်ခံရတော့ အဲ့ဒီအချိန်
က ခံစားချက်၊ နာကျင်မှု ၊ ပင်ပန်းမှုတွေက အသစ်အဖြစ်ပြန်လည်မွေးဖွားလာတယ် ။

ထို့ကြောင့် သူဂေဟာကို တစ်နှစ်နေမှ တစ်ကြိမ်သာ သွားဖြစ်တော့တယ် ။ ဥပမာ မောင့် မွေးနေ့
ဒါမှမဟုတ် သူ့မွေးနေ့တို့မှပေါ့ ။

•••••••••••••••

" ဂုဏ်ယူပါတယ်ကွာ ။ မင်းတောင် လက်ထပ်ပြီ "

" အေးကွ ။ အသက် ၃၀ က မငယ်တော့ဘူးလေ . . . ဒါကြောင့် မြန်လိုက်တော့တာ "

ဒီနေ့က ဝမ်ချောင်ရဲ မင်္ဂလာပွဲကို ရောက်နေသည်။ ဝမ်ချောင်တောင် လက်ထပ်သွားပြီ ။
ကျန်းချန်ဆို သမီးလေးတစ်ယောက်တောင်
ရနေပြီ။ သူရယ် ဟောက်ရွှမ်းရယ်ပဲ ကျန်တော့တယ် ။

CHOICE ME (Completed)Hikayelerin yaşadığı yer. Şimdi keşfedin