Part-14

5.1K 493 10
                                        

[Unicode]

ရိပေါ် အိမ်ထဲဝင်လာတော့ ဆိုင်ကယ်သံ
ကြားလိုက်ရသည်မို့ ရှောင်းကျန့် ပြန်
သွားပြီမှန်း သိလိုက်သည် ။

" ဘယ်က ပြန်လာတာလဲ သားငယ် ? "

ဧည့်ခန်းမှာ ထိုင်နေတဲ့ ပါးက
ကလေးတွေရဲ့ အဖြေလွှာတွေကို စစ်ရင်း
ရိပေါ်ကို တစ်ချက်ကြည့်ကာမေး
လာတာကြောင့် သက်ပျင်းသားချလိုက်သည် ။

အရင်က ဘယ်ချိန်အိမ်ပြန်ပြန် တစ်ခွန်းမှ
မဟ တတ်တဲ့ ပါပါးက အခုတလော ရိပေါ်
အိမ်ပြန်ချိန်နောက်ကျတာနဲ့ စစ်လားမေးလား
လုပ်လာသည် ။ အခုလည်း အိမ်ရှေ့က
ဆိုင်ကယ်သံကြားတာကြောင့် ဖြစ်မည် ၊
မေးလာပြီ ။

" ရှောင်းကျန့် အိမ်ကပါ  . . ပါပါး "

ပါးဆီက သက်ပျင်းချသံကြားရသည် ။
သို့သော် ရိပေါ်လှည့်မကြည့်မိ ၊ မားရှိရာ
မီးဖိုချောင် ကိုသွားကာ ဟင်းနိုက်စားဖို့
ပြင်လိုက်သည်။

" ဟက် ! ဒီလက်ကဖယ်စမ်း !
ဟင်းနိုက်စားတတ်တဲ့ အကျင့်ကို
ပြင်နော် ဝမ်ရိပေါ် ! ဒီနေ့ မင်းအကိုကြီးတို့
ရောက်နေတယ် ! "

အကိုကြီးတို့ ဆိုသည့်စကားကြောင့် ရိပေါ်
မျက်မှောင်တစ်ချက်ကျုံ့လိုက်သည် ။
အကိုကြီးက ပေကျင်းက ဆေးရုံကြီးတစ်ခုမှာ
ဆရာဝန်ဖြစ်သည် ၊ အိမ်ပြန်လာရင်လည်း
အမြဲတစ်ယောက်တည်းပေမို့လို့' အကိုကြီး
တို့ 'ဆိုတဲ့ စကားက ရိပေါ်အတွက် အထူးအဆန်း၊
ဒါကို သိတဲ့ မားက. . .

" မင်း အကိုကြီး ဝမ်ရိဖန် သူ့ရဲ့
သတို့သမီး လောင်းနဲ့ အတူလာတာ ၊
ဒီမှာ နောက် (၃) ရက်နေရင် မင်္ဂလာ ဆောင်မှာ ၊
မင်း အစ်မလည်းရောက်လာတယ် "

ကိုကြီးတောင် မင်္ဂလာ ဆောင်တော့မှာပဲ ။
သို့သော် မမလည်းရောက်လာတယ်ဆိုတော့
ရိပေါ်မျက်လုံးတွေ ဘလင်းဘလင်းဖြစ်သွား
သည် ။ မမက တစ်အိမ်လုံးမှာ ရိပေါ်ကို
အချစ်ဆုံး ၊ ထို့ကြောင့် ရိပေါ် မမကို
ဆိုးချင်တိုင်းဆိုးလို့ရသည် ။

မမလည်း ပြန်ရောက်လာတယ် ၊
အကိုကြီးလည်း ပြန်ရောက်လာတယ်ဆိုတော့
ရိပေါ်တို့ မိသားစု ငါးယောက်လုံး စုံစုံ
လင်လင်ဖြစ်သွားပြီမို့ ရိပေါ်မှာ တပြုံးပြုံး ။

CHOICE ME (Completed)Where stories live. Discover now