Part-35

4.5K 396 5
                                        

[Unicode]

ရိပေါ် ဒီနေ့ ပေကျင်းရောက်နေသည်။
အကြောင်းကတော့ တခြားမဟုတ် အလုပ် ထွက်တာနဲ့ ပက်သတ်ပြီး ရဲမှူးချုပ်ကို သွားတွေ့ရန်သာ ။ ဘာမပြောညာမပြောဘဲ ရုတ်တရက် ကြီး ထွက်စာတင်လိုက်တော့ သူတို့လည်း အတော် ရှော့ရသွားဟန် ။

သူ ရဲမှူးချုပ် ရုံးခန်းက ထွက်လာတော့ အားရွှမ်းတောင် အလုပ်လုပ်နေပြီဖြစ်သည် ။

" ရဲမှူးဝမ် ရောက်လာပြီပေါ့ . . .
ကျွန်တော်တို့မှာ စောင့်လိုက်ရတာ "

ထွက်ထွက်လာချင်း လင်းရိရွှမ်းက သူ့ကိုတွေ့တော့ပြေးဖက်လာသည် ။ ဒီကလေးက သူ့ကို အတော်သံယောဇဉ်ရှိသည်။

" ဒီတလော အဆင်ပြေရဲ့လား ? "

" ဘယ်ပြေမလဲဗျာ ရဲမှူးဝမ်က ရုတ်တရက် အလုပ်ထွက်သွားတာကို ။ "

မျက်ရည်လေးကို သုတ်ရင်း ဖြေလာတဲ့ အားရွှမ်းကြောင့် သူအတော်လေး စိတ်မကောင်းဖြစ်သွားသည် ။

သူ ငါးနှစ်လောက် ကျင်လည်ခဲ့တဲ့ နေရာအသိုက်အဝန်းလေး ၊ ထိုင်သူမဲ့လို့ ဗလာကျင်းနေတဲ့ သူ့အရင်နေရာလေးကို ကြည့်လိုက်တော့ ဝမ်ရိပေါ်ဟာ မျက်ရည်လည်သွားပေမဲ့ နှုတ်ခမ်းတွေမှာတော့ အပြုံးတွေ ဖြစ်ထွန်းတယ် ။

သူ အရမ်းမြတ်နိုးခဲ့တဲ့ အလုပ်ဟာ ရှောင်းကျန့်နဲ့ယှဉ်ရင် ဘာမှမဟုတ်ကြောင်း သူ နားလည်သဘောပေါက်ခဲ့ပြီးပြီလေ ၊ သူဟာ ဒီ အလုပ်ကို စွန်လွှတ်လိုက်ရသည်ကြောင့် ဘယ်တော့မှနောင်တရမည်မဟုတ်ကြောင်းလည်း သဘောပေါက်ခဲ့ပြီးပြီ ဖြစ်သည် ။

" ရဲမှူးဝမ် ကျွန်တော်တို့ကို အကြာကြီး ပစ်ထားတယ်ကွာ "

" ရဲမှူးလို့ မခေါ်ကြနဲ့တော့ ။ အကိုဝမ် လို့ ခေါ်ကြတော့ "

မနက်စာထွက်စားကြပြီး ပြန်ဝင်လာတဲ့ ရဲသားတွေက ဝမ်ရိပေါ်ကိုတွေ့တော့ အပြေးလေးဖက်လာကြသည် ။ ဝမ်ရိပေါ်ကတော့ သူတို့ရဲ့ ကျောလေးကို ပုတ်ပေးပြီး နှစ်သိမ့်ရုံသာ တတ်နိုင်၏ ။

" ဒါနဲ့ ရဲမှူးချုပ် ဘာပြောသေးလဲ ? "

" ဘာမှတော့ မပြောပါဘူး ။ ဘာလို့ ထွက်တာလဲ ပေါ့ အဲ့တာတွေမေးတယ် "

CHOICE ME (Completed)Onde histórias criam vida. Descubra agora