T W E N T Y - F O U R

377 64 7
                                    

Unicode

ကောင်းကင်ဘုံမှာ ခါတိုင်းနဲ့မတူ မိုးခြိမ်းသံတွေနဲ့ပြည့်နှက်လို့နေတယ်။ တိမ်ဖြူဖြူတွေနဲ့ နေခြည်နုနုအစား မီးခိုးရောင်တိမ်လိပ်တွေနဲ့ လျှပ်စီးကြောင်းတွေကနေရာယူထားလေရဲ့။ ကောင်းကင်ဘုံရဲ့ မြင့်မြတ်သောခန်းမကျယ်တစ်ဖြစ်လည်း နတ်သဘင်ခန်းမမှာတော့ နတ်သားအကြီးအကဲတွေရဲ့ အော်ဟစ်သံတွေနဲ့ဆူညံလွန်းလှတယ်။

"ဒါကောင်းကင်ဘုံကိုစော်ကားလိုက်တာပဲ!!"

"အကိုတော်...ကျေးဇူးပြုပြီး စိတ်လျှော့ပါဦး"

"စိတ်လိုက်မာန်ပါလုပ်ဖို့အချိန်မဟုတ်ပါဘူး...အားလုံးပဲစိတ်အေးအေးထားကြ-

စကျင်ကျောက်ဖြင့်အတိပြီးသော တံခါးမကြီးကိုဖွင့်လျက် ဝင်လာသည်က Archangel Raphael။ ထိုသူဝင်လာသည်နှင့်တစ်ပြိုင်နက် မီးကျည်ခဲကိုရေအေးဖြင့်လောင်းလိုက်သကဲ့သို့ အစကတစ်ကျက်ကျက်အသံများတိတ်ဆိတ်သွားလေသည်။ အစဉ်အမြဲအေးချမ်းလျက်ရှိသော Raphael ရဲ့ မျက်ဝန်းများက ခန်းမကျယ်ကိုဝေ့ကြည့်လိုက်သည်။

"ဘာတွေဖြစ်နေကြတာလဲ အခုက? အပြင်မှာရာသီဥတုကပြောင်းသွားပြီးတော့ နတ်သားအငယ်တွေအကုန်လန့်နေပြီ။ အကြီးအကဲတွေဖြစ်ပြီးတော့နည်းနည်းပါးပါးထိန်းလို့မရဘူးလား?!"

အကုန်လုံးကတိတ်ဆိတ်နေချိန် လှောင်ရယ်လိုက်သည်က အကြီးအကဲ Nathaniel။

"Raphael တစ်ယောက်က ဖြူစင်ရိုးသားတဲ့ပုံနဲ့ သူများကိုအပြစ်ဖို့တဲ့နေရာမှာတော့ ဆရာတစ်ဆူပဲနော်"

"ခုဘာစကားပြောလိုက်တာလဲ Nathaniel? ငါနားကြားမလွဲဘူးဆိုရင် မင်းကငါ့ကိုစော်ကားလိုက်တာပဲ"

"စော်ကားတယ်လို့ထင်ချင်ရင်လည်းထင်ပါလေ။ ဒါပေမယ့် အကိုတော်က နတ်ဆိုးတွေနဲ့ခြေချင်းလိမ်နေတယ်ဆိုတာကတော့ အကုန်လုံးသိနေတဲ့ကိစ္စကြီးပဲမဟုတ်ဘူးလား?"

လျှပ်စီးကြောင်းပဲလား Raphael ရဲ့လက်ကနေပစ်လွှတ်လိုက်တဲ့ ဓားရှည်ပဲလား ဘယ်သူမှဝေခွဲမရခင်မှာ အကြီးအကဲ Nathaniel ရဲ့ လက်မောင်းကနေ သွေးတစ်စက်စက်ကျလာလေတယ်။ ခန်းမကျယ်ဟာတိတ်ဆိတ်လျက်။

- twitterpated -Where stories live. Discover now