ငယ်စဉ်ကတည်းက မိဘမဲ့အဖြစ်နဲ့နေခဲ့ရတဲ့ Yoongi ဟာ ရွာငယ်လေးမှာ ပျော်ရွှင်စွာနေထိုင်တယ်။ ရွာထဲကသူတွေကိုကူညီရင်း ခြံဝန်းလေးထဲကသီးနှံတွေကိုရောင်းချရင်းနဲ့ အေးချမ်းတဲ့ဘဝလေးကိုဖြတ်သန်းပါတယ်။
တစ်ကောင်ကြွက်ဖြစ်တဲ့ Yoongi ဟာ သူကိုယ်တိုင်တောင် စုန်းမျိုးနွယ်ကသူတစ်ယောက်ဆိုတာ မသိခဲ့ပါဘူး။
ကံကြမ္မာကိုပြောင်းပြန်လှန်တဲ့နေ့ကရောက်ရှိလို့လာတယ်။
ပုံမှန်အတိုင်း Yoongi ဟာ မနက်စောစောထလို့ တောထဲမယ် သစ်ချောင်းတွေသွားကောက်နေခဲ့ပါတယ်။ ဆောင်းတွင်းရောက်လာပြီမို့ အနွေးဓာတ်ရဖို့ရာ သူသစ်ချောင်းတွေစုဆောင်းရတော့မယ်လေ။
အိမ်ရှိရာကိုပြန်ဖို့အလုပ်မှာ Yoongi အော်သံတစ်ခုကိုကြားလိုက်ရတယ်။ ကြောက်လန့်တကြားနဲ့ အော်ဟစ်သံကိုပေါ့။ ဘာမှမတွေးပဲ အော်သံထွက်လာတဲ့ဆီကိုအပြေးသွားမိတော့ ရေခဲကန်ထိရောက်လာခဲ့တယ်။
ကန်စပ်နားမှာ ကောင်မလေးတစ်ယောက်ကို ဝိုင်းနှောင့်ယှက်နေတဲ့ လူလေးယောက်နဲ့တွေ့တယ်။
"မိန်းကလေးကိုလွှတ်လိုက်!"
Yoongi ဟာသူကောက်ထားတဲ့သစ်ချောင်းတွေထဲက တစ်ခုကိုကိုင်ပြီးအော်ပြောတယ်။ သို့ပေမယ့် အဲ့ဒီလူတွေကနားမထောင်ခဲ့ဘူး။
အင်အားချင်းမမျှသည့်တိုင် Yoongi ဟာ ဇွဲမလျှော့ပဲ ထိုလူတွေဆီကနေ မိန်းမငယ်ကိုကာကွယ်နေခဲ့တယ်။ မိန်းကလေးကိုရွာဆီကိုပြေးစေပြီး သူကတော့ ဒီလူရမ်းကားတွေနဲ့တိုက်ခိုက်ရင်းပေါ့။
အရာအားလုံးကိုပြောင်းလဲသွားဖို့ရာ လိုတာကတော့ လူရမ်းကားထဲကတစ်ယောက်ရဲ့တွန်းချခြင်းပဲဖြစ်တယ်။
တိုက်ခိုက်နေရင်းနဲ့အနောက်ကိုမကြည့်မိတဲ့ Yoongi ခမျာ သူ့ရဲ့ခြေထောက်တွေက ရေခဲကန်ပေါ်ရောက်နေပြီဆိုတာကိုရော အက်ကွဲစပြုနေတဲ့ရေခဲကိုပါ သတိမထားမိခဲ့ပါဘူး။
ရုတ်တရတ်ဆိုသလို ခြေထောက်အစုံဟာ ရေထဲကိုနစ်သွားခဲ့ပြီး မွန်းကြပ်မှုက သူ့ကိုလက်ယပ်ခေါ်တယ်။ သူဟာရေခဲရေထဲမှာနစ်မြုပ်သွားခဲ့ပြီ။
![](https://img.wattpad.com/cover/229114775-288-k704504.jpg)