F O U R

941 153 6
                                    


Unicode


Namjoon

မဟုတ်ဘူး အဲ့သူက Namjoon မဟုတ်တော့ဘူး

Satan ရဲ့နောက်လိုက်ဖြစ်သွားတဲ့ အချိန်ကစပြီး Namjoon ဆိုတာမရှိတော့ဘူး။

"Asmodeus မင်းငါ့တပည့်ကိုလွှတ်လိုက်လို့ပြောနေတယ်နော်"

"မလွှတ်ရင်ရော Hoseok ??? မင်းကငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ"

Asmodeus တဖြစ်လည်း Namjoon ရဲ့ စကားဆုံးဆုံးချင်းအလင်းတန်းတစ်ခုက သူ့ဘေးကဖြတ်သွားတယ်။ ပြီးတော့ မော့ကြည့်နေတဲ့ နတ်သားငယ်လေးရဲ့ပါးပေါ်ကိုအနက်ရောင်သွေးစက်တွေကျလာတယ်။

Namjoon ပါးမှာတော့ခြစ်ရာကြီးတစ်ခု။ 

"အခုချက်ချင်း ငါ့နေရာကထွက်သွားလိုက်ပါ Asmodeus! ပြီးတော့ငါကမင်းရဲ့သူငယ်ချင်းလည်းမဟုတ်တော့ဘူး။  Hoseok လို့ခေါ်စရာအကြောင်းအရင်းလည်းမရှိဘူး။ ငါကမင်းအတွက်တော့ Raphael ပဲ။ နားလည်လား"

အကြီးအကဲ Jung ဟာ နတ်ဆိုးရဲ့အနက်ရောင်သွေးတွေတစ်စက်စက်ကျနေတဲ့ ဓားရှည်ကိုကိုင်ထားလေတယ်။ ကောင်းကင်ဘုံက တန်ခိုးကြီးနတ်သားတွေပဲကိုင်ခွင့်ရှိတဲ့ မြင့်မြတ်တဲ့ ဓားရှည်။ လှပတဲ့ ပန်းကနုတ်တွေကိုထွင်းထားတဲ့ ဓားရှည်ပေါ်မှာတော့ ငွေရောင်ပန်းကနုတ်တွေဟာ နတ်ဆိုးရဲ့သွေးတွေနဲ့အတူ အမည်းရောင်ကိုပြောင်းသွားတယ်။

Namjoon ဟာ နတ်သားကလေးငယ်လေးကိုငုံ့ကြည့်တယ်။ ပြီးတော့သူ့ရဲ့ လက်မကိုသုံးပြီး နတ်သားလေးရဲ့ မျက်နှာပေါ်ကသွေးတွေကိုဖယ်ရှားပေးလိုက်တယ်။

"ကဲ ကလေးလေး မင်းရဲ့ဆရာပိုပြီး ဒေါသမထွက်ခင် အိမ်ထဲဝင်လိုက်တော့နော်" ဆိုပြီး ညင်ညင်သာသာလေးပြောတယ်။

နတ်သားလေး Jimin က သူ့ရဲ့ဆရာကို ကြောက်လန့်နေတဲ့ မျက်လုံးဝိုင်းလေးတွေနဲ့လှည့်ကြည့်တယ်။ နတ်သားဆိုပေမယ့် အတောင်ပံမပေါက်သေး ဘာစွမ်းအားမှမရှိသေးတဲ့ နတ်သားလေးအတွက်တော့ တစ်နေ့တည်းကြုံရတာတွေက ကြောက်စရာကောင်းနေခဲ့တယ်။

"Jimin အိမ်ထဲဝင် တံခါးချက်ချပြီး ဘာသံကြားကြားထွက်မလာနဲ့။ ဆရာပြောတာကြားလား"

- twitterpated -Where stories live. Discover now