Unicode
ဒီလိုမျိုးညတွေကို Taehyung မုန်းသည်။ Asmodeus ရဲ့အလေးအထားရဆုံးသူဖြစ်တာကြောင့် လုပ်နေရပေမယ့် သူလူသားတွေကိုရောင်းစားရတာကိုမနှစ်မြို့။ ဒါ့အပြင် ဒီလိုညတွေက Jimin နဲ့တူတူဖက်အိပ်ရမယ့်ညတွေလည်းဖြစ်လေရဲ့။ သူ့အနွေးဓာတ်လေးအား တစ်ယောက်တည်းထားခဲ့ရသည်ကိုလည်း စိတ်မချ။
စီးကရက်ငွေ့တွေကိုမှုတ်ထုတ်ရင်း ညကောင်းကင်ကိုကြည့်နေတုန်း ဖုန်းဝင်လာခဲ့သည်။ နာမည်ကိုကြည့်မိတော့ ထွက်ပေါ်လာတဲ့ အပြုံးသေးသေးလေးကို Taehyung ထိန်းမရ။
"အိုး တစ်နာရီတောင်မပြည့်သေးဘူး...လွမ်းနေတာလားဗျ?"
"Taehyung...ငါ့ကိုပြောစရာမရှိဘူးလား?"
ပုံမှန်လိုမဟုတ်ပဲ အေးစက်နေတဲ့ အသံကြောင့် Taehyung မျက်မှောင်ကျုံ့မိတယ်။ Jimin တစ်ခုခုများဖြစ်နေတာလား?
"ဟင်? အဲ့လိုရယ်တော့မရှိပါဘူး"
ချစ်တယ်ဆိုတာကလွဲပြီး…..ဒါပေမယ့်ပြောဖို့ကစောလွန်းနေသေးတယ်။
"Tae….မင်းကိုငါယုံတာသိတယ်မလား"
ဒါဘာစကားလဲ?! မဟုတ်မှလွဲရော ဟိုနတ်သားအကြောင်း…
"Jimin..ငါလေ-
"ပင်ပန်းနေပြီ။ ပြီးမှဆက်ပြောကြမယ်လေနော်"
ဖုန်းချသွားပြီး အတော်ကြာတဲ့ထိ Taehyung ငိုင်နေဆဲ။
ဒီလိုညတွေကို Taehyung မုန်းတယ်။ သူကဒီလိုမျိုးအညှာအတာကင်းမဲ့တဲ့ နတ်ဆိုးဆိုတဲ့အသိကမွန်းကြပ်စေတယ်။
ဘာလို့များ….ငါကအပြစ်ကင်းကင်းနဲ့မင်းကိုချစ်လို့မရနိုင်ရတာလဲ?!
•×•
နာရီလက်တံက နံပါတ် ၁၂ ကိုဘယ်နှခါဖြတ်သွားပြီလဲဆိုတာ သူမသိ။ အခုကရော ဘယ်နှနာရီလဲ? ၂နာရီ? ဒါမှမဟုတ် ၃နာရီ?
အသက်မဲ့တဲ့မျက်ဝန်းတွေနဲ့ စားပွဲခုံပေါ်ဆင်ထားတဲ့ ငရဲပန်းလေးကိုကြည့်နေတုန်းမှာပဲ အတောင်ပံခတ်သံအချို့ကိုကြားလိုက်ရတယ်။
နောက်ဆုံးတော့ပြန်ရောက်လာပြီပဲ။
ဝရန်တာကတံခါးကိုတွန်းဖွင့်ပြီးဝင်လာတဲ့ နတ်ဆိုးဟာ ကုတင်ပေါ်မှာထိုင်နေတဲ့ Jimin ဆီကိုအရင်ဆုံးမျက်နှာမူတယ်။ သားရဲတစ်ကောင်က သူ့အစာထွက်မပြေးအောင်လှမ်းတဲ့ ခြေလှမ်းမျိုးနဲ့ Taehyung ဟာ Jimin ဆီကိုဖြည်းဖြည်းချင်းလှမ်းလာတယ်။